ဘာစီလိုနာသမိုင်းတွင် ဆုဖလားအများဆုံးကစားသမားအဖြစ် မက်ဆီ မှတ်တမ်းဝင်

ဘာစီလိုနာသမိုင်းတွင် ဆုဖလားအများဆုံးကစားသမားအဖြစ် မက်ဆီ မှတ်တမ်းဝင်
Published 14 August 2018

စပိန်စူပါဖလားပွဲစဉ်၌ ဆီဗီလာအသင်းကို အနိုင်ရ ဗိုလ်စွဲခဲ့ပြီးနောက် ဘာစီလိုနာအသင်း၏ အသင်းခေါင်း ဆောင် မက်ဆီသည် ဘာစီလိုနာအသင်းသမိုင်း၌ ဆုဖလား အများဆုံးရရှိသည့် ကစားသမားဖြစ်လာခဲ့ကြောင်း သိရှိ ရသည်။

မက်ဆီသည် အသင်းမှထွက်ခွာသွားခဲ့သည့် အင်နီယေ စတာ၏နေရာတွင် အသင်းခေါင်းဆောင်အဖြစ် အစားထိုး ခန့်အပ်ခံခဲ့ရပြီးနောက် အင်နီယေစတာ၏ ဆုဖလားအများ ဆုံးရရှိသည့်စံချိန်ကိုလည်း ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

မက်ဆီနှင့် အင်နီယေစတာတို့သည် ယခင်က ဆုဖလား (၃၂)လုံးစီ ရယူထားရာမှ ယခုအခါတွင် မက်ဆီက ကျော် ဖြတ်သွားခဲ့ခြင်းဖြစ်ပြီး ဘာစီလိုနာအသင်း၏ နည်းပြဖြစ်သူ ဗယ်လ်ဗာဒီက ''အခုအချိန်မှာ မက်ဆီ ဘယ်လိုခံစားနေရ မလဲဆိုတာ ကျွန်တော် မသိပါဘူး။ ကလပ်အသင်းတစ်သင်း တည်းနဲ့အတူ အခုလို စံချိန်တင်ဆုဖလားတွေရရှိတဲ့ ဘယ် သူမဆို အရမ်းဝမ်းသာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီအောင်မြင်မှုဟာ အလွန်ခမ်းနားပါတယ်။ ဒါပေမဲ့ ဒါဟာ သူ့အတွက် နောက်ဆုံးအောင်မြင်မှုမဟုတ်ပါဘူး။ နောက် ထပ်အောင်မြင်မှုပေါင်းများစွာ ရရှိဦးမယ်လို့ ကျွန်တော် ယုံ ကြည်ပါတယ်''ဟု ပြောကြားခဲ့သည်။

မက်ဆီသည် ဘာစီလိုနာအသင်း၌ သူ့အတွက် ပထမ ဆုံးဆုဖလားကို ၂၀၀၄-၀၅ ရာသီ လာလီဂါချန်ပီယံဆုနှင့် စတင်ရယူနိုင်ခဲ့ပြီး ယင်းအောင်မြင်မှုနှင့်အတူ ဘာစီလိုနာ အသင်းအတွက် လာလီဂါဆုဖလား (၉)ကြိမ်၊ ချန်ပီယံလိဂ် ဖလား (၄)ကြိမ်အပါအဝင် ဆုဖလားပေါင်း (၃၃)လုံးကိုရယူ နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

မက်ဆီ၏နောက်တွင် အင်နီယေ စတာ (၃၂)ကြိမ်၊ ပီကေးနှင့် ဘူးစကွက်ဇ် (၂၈) ကြိမ်စီ၊ ဇာဗီ (၂၅) ကြိမ်တို့ ရှိနေသည်။

Photos : AFP & allfootballapp.com