ဗီယက်နမ်ကို Golden Score ဖြင့်ရှုံးနိမ့်ခဲ့သော အေးအေးအောင်ဂျူဒိုပြိုင်ပွဲတွင် ရွှေဆုနှင့်လွဲချော်

ဗီယက်နမ်ကို Golden Score ဖြင့်ရှုံးနိမ့်ခဲ့သော အေးအေးအောင်ဂျူဒိုပြိုင်ပွဲတွင် ရွှေဆုနှင့်လွဲချော်
Published 28 August 2017

photo - ညီညီစိုးညွန့်

မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသော ဆီးဂိမ်းပြိုင်ပွဲ၏ ဂျူဒိုပြိုင်ပွဲတွင် မြန်မာ ဂျူဒိုအားကစားမယ် အေးအေးအောင်သည်ဗိုလ်လုပွဲအထိတက်ရောက်နိုင်ခဲ့သော်လည်း ဗီယက်နမ်ကို Golden Score ဖြင့်ရှုံးနိမ့်ခဲ့သောကြောင့် ရွှေတံဆိပ်ဆုနှင့်လွဲချော်ကာ ငွေတံဆိပ်ဆုသာရရှိခဲ့ကြောင်းသိရသည်။

အေးအေးအောင် သည် ဗီယက်နမ် ကစားသမားနှင့် ပွဲကစားချိန်(၄)မိနစ်ပြီးဆုံးချိန်အထိ (ဝ-၀)မှတ်ဖြင့်ကစားနိုင်ခဲ့ပြီး Golden Score ရမှတ်(၁-ဝ)ဖြင့်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

(၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ အသင်းအားသာသောဂျူဒိုအားကစားပြိုင်ပွဲမှ ဝိတ်တန်းအကြီးများမပါတော့ဘဲ အိမ်ရှင်ကစားသမားများအားသာချက်ရှိသော ဝိတ်တန်းအငယ်များသာ ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။