ဘာစီလိုနာအသင်းတွင် ကော်တင်ဟို နံပါတ်(၇) ပြောင်းလဲဝတ်ဆင်မည်

ဘာစီလိုနာအသင်းတွင် ကော်တင်ဟို နံပါတ်(၇) ပြောင်းလဲဝတ်ဆင်မည်
Published 10 August 2018

Photo: FCBarcelona

ဘာစီလိုနာအသင်းမှ ဘရာဇီးလ်ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟိုသည် လာမည့်ရာသီတွင် နံပါတ်(၇)ကို ပြောင်းလဲဝတ်ဆင်မည်ဖြစ်ကြောင်း သိရှိရသည်။
ကော်တင်ဟိုသည် ပြီးခဲ့သည့်ဇန်နဝါရီလက လီဗာပူးလ်အသင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ရောက်ရှိခဲ့သူဖြစ်ပြီး နံပါတ်(၁၄)ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းတွင် နံပါတ်(၇)ကို နောက်ဆုံးဝတ်ဆင်ခဲ့သူမှာ အာဒါတူရန် ဖြစ်ပြီး ဖီဂို၊ ဒေးဗစ်ဗီလာ၊ ပတ်ဒရိုတို့လည်း ဝတ်ဆင်ခဲ့ဖူးကြောင်း သိရှိရသည်။
ကော်တင်ဟိုသည် လာမည့်စပိန်စူပါဖလားပွဲတွင် နံပါတ်(၇)ဖြင့် စတင်ပွဲထွက်ကစားဖွယ်ရှိကြောင်းလည်း သိရှိရသည်။
ကော်တင်ဟိုသည် အင်တာမီလန်အသင်းတွင် ယှဉ်ပြိုင်ကစားခဲ့စဉ်က နံပါတ်(၇)ဝတ်ဆင်ခဲ့ဖူးပြီး လီဗာပူးလ်အသင်းတွင်မူ နံပါတ်(၁၀)ကို ဝတ်ဆင်ကစားခဲ့သူဖြစ်သည်။