ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 26 August 2017

Photo- Four Four Two

■မြန်မာ - ထိုင်းမြန်မာ - ထိုင်းအချိန် - မွန်းလွဲ ၂း၃၀ နာရီ (မြန်မာစံတော်ချိန်)၊ ကွင်း - ဆီလာယန်

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် နောက်ဆုံး သုံးကြိမ်တွေ့ဆုံမှု

မြန်မာ ဝ-၃ ထိုင်း ၂၀၁၅ ပြိုင်ပွဲ ဗိုလ်လုပွဲ

မြန်မာ ၁-၁ ထိုင်း ၂၀၁၃ ပြိုင်ပွဲ အုပ်စု

မြန်မာ ဝ-၂ ထိုင်း ၂၀၀၇ ပြိုင်ပွဲ ဗိုလ်လုပွဲ

ထိုင်းအသင်းရဲ့ ခြေစွမ်းက ပြိုင်ပွဲအစမှာ ထင်သလောက်မကောင်းခဲ့ပေမယ့် အရေး ကြီးတဲ့အချိန်မှာတော့ ဗီယက်နမ်ကို ဂိုးပြတ်သွင်းပြီး အနိုင်ရခဲ့ပါတယ်။ မြန်မာအသင်းဟာ အရေးပါတဲ့ အုပ်စုပထမနေရာအတွက် အဆုံးအဖြတ်ပွဲမှာ မလေးရှားကို အရေးနိမ့်ခဲ့လို့ အုပ်စုဒုတိယသာရပြီး ဆီမီးဖိုင်နယ် တက်လာတာပါ။ လက်ရှိခြေစွမ်းအရတော့ ကွာခြားမှု မရှိပေမယ့် မြန်မာကစားသမားတွေအနေနဲ့ ထိုင်းဆိုပြီး ဖိအားမဝင်ဖို့ပဲလိုပါတယ်။ မြန်မာ အသင်းကတော့ မလေးရှားနဲ့ပွဲက အမှားတွေကို ပြင်ဆင်နိုင်ဖို့လိုပြီး ခြေစွမ်းပိုင်း အကောင်း ဆုံးပုံစံမှာရှိနေမှ အခြေအနေကောင်းမှာဖြစ်ပါတယ်။ ထိုင်းအသင်းကတော့ လိုရင် လိုသလို ပွဲအဖြေကို ပြောင်းလဲနိုင်တဲ့ကစားသမားတွေရှိတယ်ဆိုတာ သက်သေပြနိုင်ခဲ့ပြီး မြန်မာ အသင်းအနေနဲ့ ပွဲချိန်အတွင်း အနိုင်ရဖို့တော့မလွယ်ပါဘူး။ မြန်မာအသင်း ခံစစ်ကတော့ ပုံစံကောင်းရဖို့ ကြိုးစားရမှာဖြစ်ပြီး အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားနိုင်ဖို့လိုပါတယ်။ ပွဲချိန် အတွင်းဆိုရင်တော့ ထိုင်းအသင်း အနိုင်ရနိုင်ပြီး မြန်မာအသင်းအနေနဲ့ ထိုင်းရဲ့ အမှားကို စောင့်ပြီး ကစားနိုင်မှ အနိုင်ရဖို့ မျှော်လင့်နိုင်မှာပါ။

■မလေးရှား - အင်ဒိုနီးရှားအချိန် - ည ရး၁၅  နာရီ (မြန်မာစံတော်ချိန်)၊ ကွင်း - ရှာအလမ်

ဒီနှစ်သင်းတွေ့ရင် ပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိပါတယ်။ အိမ်ရှင်မလေးရှားအသင်း ကတော့ ဒီပြိုင်ပွဲမှာ ရွှေဆုရဖို့ ရည်မှန်းထားတာကြောင့် အမှားခံမှာ မဟုတ်ပါဘူး။ အင်ဒို နီးရှားအသင်းကလည်း

ဥရောပအခြေစိုက်ကစားသမားတွေနဲ့ ပုံစံကောင်းရနေပြီး ထိုင်းနဲ့ ဗီယက်နမ်တို့ကို သရေကစားနိုင်ခဲ့ပါတယ်။ အိမ်ရှင်ပရိသတ်ရဲ့အားနဲ့  မလေးရှားအသင်း နိုင်ပွဲရယူပါလိမ့်မယ်။