ဘာပေကို ပေါင် (၅) သန်းဖြင့်ရမည့် အခွင့်အရေး မန်ယူ ရရှိခဲ့ဖူးဟု ရိုင်ယန်ဂစ် ဝန်ခံ

ဘာပေကို ပေါင် (၅) သန်းဖြင့်ရမည့် အခွင့်အရေး မန်ယူ ရရှိခဲ့ဖူးဟု ရိုင်ယန်ဂစ် ဝန်ခံ
Published 16 July 2018

 

Photo: AFP,AS

မန်ယူအသင်း၏ တောင်ပံကစားသမားဟောင်းတစ်ဦးဖြစ်သူ ရိုင်ယန်ဂစ်က မန်ယူအသင်းအနေဖြင့် ပြင်သစ်လူငယ်ကစားသမား ဘာပေအား ပေါင် (၅)သန်းဖြင့်ခေါ်ယူနိုင်မည့်အခွင့်အရေး ရရှိခဲ့ဖူးကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

မိုနာကိုလူငယ်အသင်းတွင် ဘာပေကစားစဉ် ၎င်း၏ အရည်အသွေးကို မိမိသတိထားမိခဲ့၍ မန်ယူအသင်းတာဝန်ရှိသူများကို အသိပေးခဲ့ကြောင်း ဂစ်က ပြောကြားခဲ့သည်။

"ကျွန်တော် ဘာပေနဲ့ ဂျေးဆူတို့ကို စောင့်ကြည့်ခဲ့ပြီး မန်ယူ အသင်းကင်းထောက်တွေကို အသိပေးခဲ့ဖူးပါတယ်။ သူတို့က ဦးနှောက်မရှိကြပါဘူး။ အဲဒီတုန်းက သူ့ကို ခေါ်လိုက်ရင် ပေါင် (၅)သန်းလောက်ပဲ ပေးရမှာပါ။ သူ့ကိုခေါ်ယူပြီး မိုနာကိုအသင်းဆီ အငှားပြန်ချဖို့ ကျွန်တော် တိုက်တွန်းခဲ့ပါတယ်။ သူက မန်ယူအသင်းနဲ့ သင့်တော်တဲ့ကစားသမားမျိုးပါ" ဟု ရိုင်ယန်ဂစ်က ပြောကြားခဲ့သည်။