ပီကေးကို စပိန်လက်ရွေးစင်အဖြစ်မှအနားမယူရန် RFEF ၏နည်းစနစ်ဒါရိုက်တာသစ် တိုက်တွန်း

ပီကေးကို စပိန်လက်ရွေးစင်အဖြစ်မှအနားမယူရန် RFEF ၏နည်းစနစ်ဒါရိုက်တာသစ် တိုက်တွန်း
Published 11 July 2018

 

Photo: FourFourTwo

စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) ၏ နည်းစနစ်ဒါရိုက်တာအဖြစ် ဇူလိုင် (၉)ရက်က ခန့်အပ်ခံခဲ့ရသည့် ဟိုဆေးမိုလီနာက နောက်ခံလူ ပီကေးအနေဖြင့် နိုင်ငံလက်ရွေးစင်ကစားသမားဘဝမှ အနားယူမည့် ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားရန် အလိုရှိကြောင်း ပြောကြားခဲ့သည်။

အသက် (၃၁) နှစ်အရွယ်ရှိ ပီကေးသည် ၂၀၁၈ ကမ္ဘာ့ဖလားမှာ စပိန်အသင်းအတွက် ၎င်း၏နောက်ဆုံးပြိုင်ပွဲဖြစ်ကြောင်း အစောပိုင်းက အရိပ်အမြွက် ဖွင့်ဟခဲ့ပြီး လူအများစုသည် ၎င်းလက်ရွေးစင်အသင်းတွင်မရှိလျှင် ပိုမိုကောင်းမွန်သည်ဟု ယူဆနေကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။

ပီကေးသည် ၎င်း၏ကတ်တလန်ခွဲထွက်ရေး လှုပ်ရှားမှုများကြောင့် စပိန်ပရိသတ်များ၏ လှောင်ပြောင်မှုများနှင့် ရင်ဆိုင်ခဲ့ရသူဖြစ်သည်။

မိုလီနာက " ပီကေးဟာ ထူးချွန်တဲ့ကစားသမားတစ်ယောက်ပါ။ သူ လက်ရွေးစင်အသင်းမှာ ဆက်လက်ကစားတာကို ကျွန်တော် နှစ်သက်ပါတယ်။ ဒါပေမဲ့ ဒီအကြောင်းအရာတွေက နည်းပြဖြစ်သူ ဆုံးဖြတ်ရမှာပါ။ ကျွန်တော်ကတော့ ဘယ်စပိန်ကစားသမားတစ်ယောက်မျှ လက်ရွေးစင်အသင်းက နုတ်ထွက်တာကို မလိုလားပါဘူး" ဟု ပြောကြားခဲ့သည်။

RFEF ဥက္ကဋ္ဌဖြစ်သူ ရူဘီယာလက်စ်မှာလည်း ပီကေးအနေဖြင့် ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားလိမ့်မည်ဟု ယုံကြည်လျက်ရှိသည်။