သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာမှ မေပိုးဝါ ရွှေတံဆိပ် ရရှိ

သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာမှ မေပိုးဝါ ရွှေတံဆိပ် ရရှိ
Published 24 August 2017

၂၀၁၇ ဆီးဂိမ်းစ်ပြိုင်ပွဲ၏ သေနတ်ပစ်ပြိုင်ပွဲများကို ယနေ့ ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာကစားသမားများ ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခု ရရှိခဲ့ကြောင်း သိရှိရသည်။

မြန်မာသေနတ်ပစ်မယ် မေပိုးဝါသည် (၁၀)မီတာ လေပစ္စတိုပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

မေပိုးဝါသည် ဗီယက်နမ်နှင့် မလေးရှားကစားသမားများကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ပြီး (၂၃၄.၄)မှတ်ရရှိခဲ့ကြောင်း သိရှိရသည်။

မီတာ(၅၀)ရိုင်ဖယ်ပြိုင်ပွဲတွင်မူ မလေးရှားကစားသမားက ရွှေတံဆိပ်ရရှိခဲ့ပြီး စင်ကာပူမှ ငွေတံဆိပ်၊ မြန်မာမှ ကောင်းထိုက်က ကြေးတံဆိပ်ရရှိခဲ့သည်။

သြဂုတ်(၂၂)က ယှဉ်ပြိုင်ခဲ့သည့်သေနတ်ပစ်ပြိုင်ပွဲများတွင် မြန်မာကစားသမား ကျော်စွာဝင်းက မီတာ(၅၀)ပစ္စတိုပြိုင်ပွဲမှ ကြေးတံဆိပ်တစ်ခု ရယူနိုင်ခဲ့သည့်အတွက် မြန်မာသေနတ်ပစ်အဖွဲ့သည် လက်ရှိအချိန်တွင် ရွှေတစ်ခု၊ ကြေးနှစ်ခု ရယူထားနိုင်ကြောင်း သိရှိရသည်။