ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် ပြန်လည်ပြင်ဆင်သွားမည်ဟု ဂတ်ဖရိုင်းဒရစ် ဆို

ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် ပြန်လည်ပြင်ဆင်သွားမည်ဟု ဂတ်ဖရိုင်းဒရစ် ဆို
Published 23 August 2017

မြန်မာယူ-၂၂ အသင်း၏ နည်းပြချုပ်ဖြစ်သူ ဂတ်ဖရိုင်းဒရစ် (ဓာတ်ပုံ - ညီညီစိုးညွန့်)

မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့တက်ရောက်ခဲ့သည့် မြန်မာ ယူ-၂၂ အသင်း၏ နည်းပြချုပ်ဖြစ်သူ ဂတ်ဖရိုင်းဒရစ်က ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် ပြန်လည်ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဂတ်ဖရိုင်းဒ ရစ်က "အုပ်စုပထမနဲ့ ဆီမီးတက်ဖို့အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ရှင်ဖြစ်တဲ့မလေးရှားအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပထမနေရာအတွက်တော့ ခက်ခဲသွားပါပြီ။ ဆီမီးပွဲမတိုင်ခင် ပြင်ဆင်ချိန် လေးရက် ရတာကြောင့် ဖိအားတော့ ရှိမနေပါဘူး။ ဆီမီးအဆင့်မှာ ဘယ်အသင်းနဲ့တွေ့တွေ့ အကောင်းဆုံးယှဉ်ပြိုင်နိုင်အောင် ကြိုးစားမှာပါ။ အနိုင်ရပြီး ဗိုလ်လုပွဲတက်နိုင်ဖို့ ပြင်ဆင်သွားမှာပါ" ဟုဆိုခဲ့သည်။

မြန်မာအသင်းသည် အုပ်စုတွင်းပွဲများတွင် သုံးပွဲနိုင် တစ်ပွဲရှုံးဖြင့် ဆီမီးဖိုင်နယ်သို့တက်ရောက်ခဲ့ပြီး ယင်းပွဲစဉ်ကို လာမည့် သြဂုတ်လ(၂၆)ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

Most Read