ပိုက်ကျော်ခြင်း နှစ်ယောက်တွဲအသင်းလိုက်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာ နှင့် ထိုင်း တွေ့ဆုံ

ပိုက်ကျော်ခြင်း နှစ်ယောက်တွဲအသင်းလိုက်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာ နှင့် ထိုင်း တွေ့ဆုံ
Published 22 August 2017

ဗိုလ်လုပွဲတက်ရောက်ခဲ့သည့် မြန်မာအမျိုးသားပိုက်ကျော်ခြင်းအသင်း (ဓာတ်ပုံ - ညီညီစိုးညွန့်)

မလေးရှားနိုင်ငံတွင် ကျင်းပနေသည့် ဆီးဂိမ်းစ်ပြိုင်ပွဲ၏ ပိုက်ကျော်ခြင်း အမျိုးသား နှစ်ယောက်တွဲအသင်းလိုက်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ် များကို ယနေ့ နံနက်ပိုင်းက ဆက်လက်ကျင်းပရာ မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ ဆီမီးဖိုင်နယ်ပွဲစဉ်မာျးတွင် မြန်မာအသင်းက အိမ်ရှင်မလေးရှားအသင်းကို (၂-၁)ပွဲ၊ ထိုင်းအသင်းက အင်ဒိုနီးရှားအသင်းကို (၂-ဝ)ပွဲတို့ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ဗိုလ်လုပွဲစဉ်ကို ယနေ့ မွန်းလွဲ(၂)နာရီခွဲ(မြန်မာစံတော်ချိန်)တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစား ကြမည်ဖြစ်ကြောင်းသိရသည်။