နေ့လယ်ပိုင်း အကြိုအပို့မရှိသဖြင့် ကစားသမားများ ကိုယ်ပိုင်အစီအစဉ်ဖြင့်သွားရ

နေ့လယ်ပိုင်း အကြိုအပို့မရှိသဖြင့် ကစားသမားများ ကိုယ်ပိုင်အစီအစဉ်ဖြင့်သွားရ
Published 22 August 2017

 

ဆီးဂိမ်းစ်ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာဝူရှူး ကစားသမားများသည် နေ့လယ်ပိုင်းတွင် အကြိုအပို့ ကားစီစဉ်ပေးထားခြင်း မရှိသဖြင့် ကိုယ်ပိုင်အစီအစဉ်ဖြင့် သွားလာနေရကြောင်း သိရသည်။

ပြိုင်ပွဲကျင်းပရေးကော်မတီသည် ကစားသမားများတည်းခိုရာ ဟိုတယ် နှင့် ပြိုင်ပွဲကျင်းပမည့်နေရာသို့ နံနက်ပိုင်းတစ်ကြိမ်သာ လိုက်ပါပို့ဆောင်ပေးပြီး ညနေပိုင်းမှသာ ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးကြောင်း သိရသည်။

ထို့ကြောင့် နံနက်ပိုင်းတွင် ပွဲကစားရန် မရှိသည့် ကစားသမားများမှာ နေ့လယ်ပိုင်း၌ ကိုယ်ပိုင်အစီအစဉ်ဖြင့် ပြိုင်ပွဲကျင်းပမည့် နေရာသို့သွားရောက်ရကြောင်း ဝူရှူးအားကစားမယ် အေးသစ္စာမြင့်က ပြောကြားသည်။

“သွားရေးလာရေးကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ သူတို့ဘက်က ကားကို တစ်နေ့နှစ်ကြိမ် နံနက်ပိုင်းနဲ့ ညနေပိုင်းပဲပေးတယ်။ ညီမဆိုရင် နံနက်ပိုင်း ပွဲမရှိလို့ နေ့လယ်ကျမှ ကိုယ့်ဘာသာကိုယ် တက္ကစီနဲ့သွားရတယ်” ဟု ၎င်းက Eleven Media Group သို့ ပြောကြားသည်။