မြန်မာ Squash ကစားသမားများ လိုက်ပါလာသည့် မော်တော်ယာဉ်မတော်တဆဖြစ်ပြီး ထိခိုက်ဒဏ်ရာရ

မြန်မာ Squash ကစားသမားများ လိုက်ပါလာသည့် မော်တော်ယာဉ်မတော်တဆဖြစ်ပြီး ထိခိုက်ဒဏ်ရာရ
Published 21 August 2017

မြန်မာ Squash ကစားသမားများ လိုက်ပါလာသည့် မော်တော်ယာဉ်မတော်တဆဖြစ်ပြီး ထိခိုက်ဒဏ်ရာရ ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ကစား သမားများ လိုက်ပါလာသည့် မော်တော်ယာဉ်သည် သြဂုတ် ၂၁ ရက်နံနက်ပိုင်းက မတော်တဆဖြစ်ရပ်ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မြန်မာ squash အဖွဲ့သည် ပြိုင်ပွဲယှဉ်ပြိုင်ရန် ထွက် ရောက်ခဲ့ရာ ယာဉ်တန်းတွင်ပါဝင်လာသည့် ရှေ့မှကား အား တိုက်မိခဲ့ပြီး မြန်မာကစားသမားရှစ်ဦးစလုံးထိခိုက် ဒဏ်ရာရခဲ့သည်။ ယင်းကစားသမားများ အနက် အိအိပြုံးနှင့် အေးအေးသင်းတို့၏ ဒဏ်ရာမှာ အနည်းငယ်ပြင်းထန် ပြီး နှစ်ရက်ကြာမှသာ ပြိုင်ပွဲယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။

''ကျွန်မတို့ လိုက်ပါလာတဲ့ကားက ဒေသစံတော်ချိန် ရး၄၅ နာရီမှာ ဟိုတယ်ကနေ ထွက်ပါတယ်။ ကျွန်မတို့ကားမှာ ကျွန်မအပါအဝင် အုပ်ချုပ်/နည်းပြ နှစ်ယောက်၊ ကစား သမား ရှစ်ယောက်၊ ဘာသာပြန်တစ်ယောက်၊ ယာဉ်မောင်း တစ်ယောက် စုစုပေါင်း ၁၂ ယောက်ပါဝင်ပါတယ်။ ကျွန်မ တို့ကားရဲ့ရှေ့မှာ ထိုင်းနဲ့ ဖိလစ်ပိုင်ကစားသမားတွေကို ခေါ်ဆောင်လာတဲ့ ကားတစ်စီးရယ်၊ လမ်းကြောင်းတဲ့ ယာဉ်ထိန်း နှစ်ယောက်လည်းပါပါ တယ်။ လမ်းကြောင်းနဲ့ ပဲ သွားတာပါ။ ဘူကစ်ဂျာလီကွင်းနားရောက်ဖို့ ၂ ကီလိုမီတာလောက်အလိုမှာ ဖြစ်သွားတာပါ။ ရှေ့ကားက အရှိန်လျော့ လိုက်တာကို ကျွန်မတို့ကားက အရှိန်မလျော့လိုက်တော့ နောက်ကဝင် တိုက်မိသွားတာပါ။ ကစားသမား ရှစ်ဦးစလုံး ပွန်းပဲ့ဒဏ်ရာတွေရ ခဲ့ပါတယ်။ အုပ်ချုပ်/နည်းပြတွေကတော့ ဘာမှမဖြစ်ပါဘူး။ မနက်ပိုင်း မှာ ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲနှစ်ပွဲစလုံးကတော့ ယှဉ်ပြိုင်လို့မရတော့တာ ကြောင့် အရှုံးပေးလိုက်ရပါတယ်။ ညနေပိုင်းပွဲတွေကို ညပိုင်းကို ရွှေ့ပေး ပါတယ်။ ကစားသမားတချို့ကိုလည်း အပြောင်းအလဲလုပ်ပေးခဲ့ပါတယ်။ ပြိုင်ပွဲကျင်းပရေးကို တင်ပြဖို့ကတော့ တာဝန်ရှိသူတွေ ဆက်လက်လုပ် ဆောင်ပါလိမ့်မယ်'' ဟု မြန်မာ squash အသင်းအုပ်ချုပ်သူ ဒေါ်အေး အေးမော်က ပြောကြားသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကစားသမားများအနက် အိအိပြုံးနှင့် အေးအေးသင်းတို့မှာ နောက်ပိုင်းပွဲစဉ်များကိုသာ ယှဉ်ပြိုင်ခွင့်ရတော့ မည်ဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းကလည်း မြန်မာအမျိုးသမီးဘောလုံး အသင်းအား မောင်းနှင်သည့် ယာဉ်မောင်းမရှိသောကြောင့် ဟိုတယ် ပြန်ရန် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပြီး အမျိုးသားဖူဆယ်အသင်းမှာ လည်း လမ်းမှားသဖြင့် လေ့ကျင့်မှုနောက်ကျခဲ့ရသည်။