ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 21 August 2017

 

မြန်မာ - မလေးရှား

အချိန် - ည ရး၁၅  နာရီ၊

ကွင်း - ရှာအလမ် Stadium၊

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် နောက်ဆုံးတွေ့ဆုံမှု မြန်မာ ဝ-၁ မလေးရှား ၂၀၁၁ ပြိုင်ပွဲ မြန်မာအသင်းအတွက် အုပ်စုပထမနေရာအတွက် အဆုံးအဖြတ်ပွဲဖြစ်ပေမယ့် ဖိအား တော့မရှိပါဘူး။

ဆီမီးဖိုင်နယ်တက်ရောက်ပြီးဖြစ်တဲ့အပြင် ဂိုးကွာခြားချက်မှာလည်း (+၁၀) ရှိထားတာကြောင့် သရေကျတာနဲ့ ပထမနေရာရဖို့ အခွင့်အရေးများပါတယ်။

နည်းပြဂတ်ဖရိုင်းဒရစ်အနေနဲ့ နောက်ဆုံးပွဲမှာ အမာခံကစားသမားတွေနဲ့ပဲ ပွဲထွက်မယ်လို့ ပြောထား ပေမယ့် ဆီမီးဖိုင်နယ်အတွက်တော့ အနားပေးသင့်ပါတယ်။ မလေးရှားအသင်းရဲ့ ဗျူဟာ တွေထဲမှာ မြန်မာကစားသမားတွေ မကျဆင်းဖို့လိုပြီးအဝါ၊အနီတွေလည်း ရှောင်ဖို့လိုပါတယ်။ မြန်မာအသင်းအနေနဲ့ ဆီမီးဖိုင်နယ်တက်ပြီးဖြစ်တာကြောင့် အနိုင်ရဖို့ အားကုန်ထုတ်ကစားဖို့ မလိုပေမယ့် မရှုံးတာတော့ သေချာပါတယ်။