စပိန်ကွင်းလယ်လူ ကာဇိုလာ အသင်းမှ ထွက်ခွာမည်ဟု အာဆင်နယ်အသင်း ကြေညာ

စပိန်ကွင်းလယ်လူ ကာဇိုလာ အသင်းမှ ထွက်ခွာမည်ဟု အာဆင်နယ်အသင်း ကြေညာ
Published 23 May 2018

Photo: PA

စပိန်ကွင်းလယ်လူ ကာဇိုလာသည် အသင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း အာဆင်နယ်အသင်းမှ ထုတ်ပြန်ကြေညာသွားခဲ့သည်။

ကာဇိုလာ(၃၃ နှစ်)သည် ခြေဖနောင့်ဒဏ်ရာကြောင့် အာဆင်နယ်အသင်းတွင် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလကတည်းက ကစားနိုင်ခဲ့ခြင်းမရှိဘဲ ကာလကြာရှည်စွာ အနားယူနေရသူ ဖြစ်သည်။

ကာဇိုလာသည် ၂၀၁၂ ခုနှစ်က မာလာဂါအသင်းမှ အာဆင်နယ်အသင်းသို့ ရောက်ရှိလာခဲ့သူဖြစ်ပြီး၊ အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ(၁၈၀)တွင် (၂၉)ဂိုး သွင်းယူပေးခဲ့သူ ဖြစ်သည်။

ကာဇိုလာက "အချိန်အကြာကြီး ရှိနေခဲ့ပြီးမှ လမ်းခွဲရမယ်ဆိုတော့ ကျွန်တော် ဝမ်းနည်းမိပါတယ်။ အာဆင်နယ်အသင်းနဲ့ အတူ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေကို ကျွန်တော် ချစ်ပါတယ်။ အသင်းနဲ့အတူ ပျော်စရာအခိုက်အတန့်လေးတွေကို ကျွန်တော် သတိရနေမှာပါ"ဟု ဆိုခဲ့သည်။

ကာဇိုလာ၏ လက်ရှိစာချုပ်မှာ ယခုလ(ဇွန်)အကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး၊ ကာဇိုလာမှ အသင်းမှ ထွက်ခွာမည် ဖြစ်သည်။

ကာဇိုလာအား ခေါ်ယူရန် အသင်းဟောင်း ဗီလာရီးယဲလ်က စိတ်ဝင်စားနေကြောင်း သိရသည်။