လာမည့်ရာသီတွင် ဖိအားပိုများမည်ဟု မန်ယူကွင်းလယ်လူ မာတစ် ဝန်ခံ

လာမည့်ရာသီတွင် ဖိအားပိုများမည်ဟု မန်ယူကွင်းလယ်လူ မာတစ် ဝန်ခံ
Published 23 May 2018

Photo: Getty Images

မန်ယူကွင်းလယ်လူ မာတစ်က ယခုရာသီတွင် ဖလားလက်မဲ့ဖြစ်ခဲ့သည့်အတွက် လာမည့်ရာသီတွင် ဖိအားပိုများမည်ဟု ဝန်ခံပြောဆိုခဲ့ကြောင်း သိရသည်။

မန်ယူအသင်းသည် FA ဖလားဗိုလ်လုပွဲတွင် ချယ်လ်ဆီးကို ရှုံးနိမ့်ပြီးနောက် ဖလားလက်မဲ့ရာသီနှင့် ကြုံတွေ့ခဲရပြီး ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

မာတစ်က "ဒီနှစ်မှာ ဖလား မရခဲ့ဘူးဆိုရင် နောက်နှစ်ကျရင် ဖိအားပိုများတတ်တာက သဘာဝပါ။ မန်ယူလို အသင်းမျိုးမှာ ကစားနေပြီဆိုရင် ဒါကို လက်ခံပြီး အကောင်းဆုံး ကြိုးစားလိုပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့အသင်းဟာ တိုးတက်မှုတွေ ရှိခဲ့ပါတယ်"ဟု ပြောဆိုခဲ့သည်။

ထို့အပြင် မာတစ်က ၎င်းတို့အနေဖြင့် ရာသီသစ်တွင် ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ပြိုင်ပွဲများတွင် ချန်ပီယံဆုများကို စိန်ခေါ်နိုင်ရန် အတွေ့အကြုံရှိ နာမည်ကြီးကစားသမားများကို ခေါ်ယူရန် လိုအပ်ကြောင်းလည်း ပြောဆိုခဲ့သည်။