ချယ်လ်ဆီးပရိသတ်များကို ဘယ်တော့မှမမုန်းဟု မော်ရင်ဟို ဖွင့်ဟ

ချယ်လ်ဆီးပရိသတ်များကို ဘယ်တော့မှမမုန်းဟု မော်ရင်ဟို ဖွင့်ဟ
Published 19 May 2018

မန်ယူအသင်းနည်းပြ မော်ရင်ဟိုက သူ့အနေဖြင့် ချယ်လ်ဆီးပရိသတ်များကို ဘယ်တော့မှမမုန်းကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။

ထို့ပြင် ၎င်းက ယနေ့ကစားမည့် FAဖလားဗိုလ်လုပွဲအတွင်း ချယ်လ်ဆီးပရိသတ်များမှ သူ့အား လှောင်ပြောင်ဝေဖန်မှုများနှင့် ကြုံလာလျှင်လည်း ကိစ္စမရှိကြောင်း ဝန်ခံခဲ့သည်။

မော်ရင်ဟိုသည် ချယ်လ်ဆီးအသင်းသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးနည်းပြအဖြစ် သတ်မှတ်ခံထားရပြီး နှစ်ကြိမ် တာဝန်ယူစဉ်ကာလအတွင်း အသင်းကို ပရီးမီးယားလိဂ်ဖလား (၃)ကြိမ်၊ လိဂ်ဖလား (၃)ကြိမ်နှင့် FA ဖလား (၁)ကြိမ် ရယူပေးခဲ့သည်။

'' ချယ်လ်ဆီးအသင်းကို စကိုင်တွယ်တဲ့ ပထမဆုံးနေ့ကနေ နောက်ဆုံးထုတ်ပယ်ခံရတဲ့ နေ့အထိ ချယ်လ်ဆီးပရိသတ်တွေနဲ့ ကျွန်တော့်အကြားဆက်ဆံရေးက အကြွင်းမဲ့ပါပဲ။ သူတို့ဟာ ကျွန်တော်နဲ့ နေ့တိုင်းအတူတူ ရှိခဲ့ကြတယ်။ ကျွန်တော် နောက်ဆုံးထုတ်ပယ်ခံရပြီး (၂)ရက်ကြာတဲ့အချိန်အထိပေါ့။ ဒါကို မမေ့ပါဘူး။ သူတို့ဟာ ကြီးမြတ်တဲ့ပရိသတ်ဆိုတာ ကျွန်တော် ယုံကြည်လာအောင် ပြုလုပ်ခဲ့တယ်။ ပြီးတော့ သူတို့က နည်းပြကို နောက်ဆုံးနေ့ရက်အထိ အကြွင်းမဲ့ထောက်ခံခဲ့ပါတယ်။ ချယ်လ်ဆီးပရိသတ်တွေနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ မကောင်းတဲ့အမြင်မရှိပါဘူး။ စကားလုံးတစ်လုံးတောင်မှပေါ့''ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

သို့သော် မော်ရင်ဟိုသည် သူ့အား ချယ်လ်ဆီးပရိသတ်အချို့မှာ Judas(သစ္စာဖောက်)ဟု ခိုင်းနှုန်းခဲ့မှုအပေါ် အပြန်အလှန်အငြင်းပွားမှုများရှိခဲ့ကြောင်း သိရသည်။