နည်းပြ ဆမ်အလာဒိုက်စ်နှင့် အဲဗာတန်အသင်း လမ်းခွဲ

နည်းပြ ဆမ်အလာဒိုက်စ်နှင့် အဲဗာတန်အသင်း လမ်းခွဲ
Published 16 May 2018

Photo: Getty Images

အဲဗာတန်အသင်းသည် လာမည့် ၂၀၁၈-၁၉ ရာသီအထိ စာချုပ်ချုပ်ဆိုထားသည့် ဝါရင့်နည်းပြ ဆမ်အလာဒိုက်စ်နှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက တန်းဆင်းဇုန်အတွင်း ကျရောက်ခဲ့သည့် အဲဗာတန်အသင်းသည် ရော်နယ်လ်ကိုးမန်းကို ထုတ်ပယ်ကာ ဆမ်အလာဒိုက်စ်အား ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ဆမ်အလာဒိုက်စ်သည် အဲဗာတန်အသင်းကို အမှတ်ပေးဇယားအဆင့်(၈)နေရာ၌ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးခဲ့သော်လည်း အသင်း၏ကစားပုံအပေါ် ပရိသတ်များက ကျေနပ်ခြင်းမရှိသည့်အတွက် ဆမ်အလာဒိုက်စ်နှင့် အသင်းဥက္ကဋ္ဌ ဘီလ်ကင်ရိုက်တို့ကို ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

Photo: Getty Images

ထို့ကြောင့် ရာသီကုန်ဆုံးချိန်တွင် နှစ်ဦးနှစ်ဖက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။

အဲဗာတန်အသင်းတာဝန်ရှိသူများသည် ဝက်ဖို့ဒ်နည်းပြဟောင်း မာကိုဆေးလ်ဗားကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ပစ်မှတ်ထားနေပြီး ရှက်တာဒိုးနက်နည်းပြ ဖွန်ဆီကာကိုလည်း ဒုတိယဦးစားပေးအဖြစ် ရည်ရွယ်ထားကြောင်း သိရှိရသည်။