နယူးကာဆယ်နှင့်ပွဲမှ ခြေစွမ်းအတိုင်းကစားပါက FAဖလား ဗိုလ်လုပွဲတွင် ရှုံးနိမ့်မည်ဟု ကွန်တီ ဝန်ခံ

နယူးကာဆယ်နှင့်ပွဲမှ ခြေစွမ်းအတိုင်းကစားပါက FAဖလား ဗိုလ်လုပွဲတွင် ရှုံးနိမ့်မည်ဟု ကွန်တီ ဝန်ခံ
Published 15 May 2018

ချယ်လ်ဆီးအသင်းနည်းပြဖြစ်သူ အန်တိုနီယိုကွန်တီက နယူးကာဆယ်အသင်းနှင့်ပွဲတွင် ကစားခဲ့သည့် ခြေစွမ်းအတိုင်းကစားခဲ့ပါက FA ဖလားဗိုလ်လုပွဲတွင်လည်း မိမိတို့ရှုံးပွဲ တွေ့လိမ့်မည်ဟု ဝန်ခံပြောကြားသွားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ချန် ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်အ တွက် လီဗာပူးလ်အသင်း၏ ရှုံးနိမ့်မှု နှင့် ၎င်းင်းတို့ကိုယ်တိုင် အနိုင်ကစားရန် လိုအပ်နေသော်လည်း နယူးကာဆယ် ကို (ဝ-၃)ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်ခဲ့ ခြင်းဖြစ်သည်။

ယင်းအတွက်ကြောင့် ကွန်တီက ''ဒီပွဲမှာကစားခဲ့တဲ့ စိတ် ဓာတ်အကြောင်း ပြောမယ်ဆိုရင် တောင် နယူးကာဆယ်အသင်းက ကျွန်တော်တို့အသင်းထက် ပိုမိုကောင်း မွန်တဲ့ခံယူချက်ရှိပါတယ်။ နယူးကာဆယ်ဟာ သူတို့အသင်းရဲ့ ရည်မှန်း ချက်၊ (၃)မှတ်ကို အရယူချင်တဲ့စိတ်နဲ့ ဒီရာသီမှာ တတ်နိုင်သလောက် အ ကောင်းဆုံးရလဒ်ကို ယူမယ်ဆိုတဲ့ စိတ်ဓာတ်ကို ပြသနိုင်ခဲ့ပါတယ်။ ကျွန် တော့်အသင်းက မဖြစ်မနေအပြောင်း အလဲလုပ်ရပါလိမ့်မယ်။ ဘာကြောင့် လဲဆိုတော့ FA ဖလား ဗိုလ်လုပွဲမှာ ဒီပွဲကပုံစံအတိုင်း ကစားမယ်ဆိုရင် ကျွန်တော်တို့အတွက် အခွင့်အရေး မရှိပါဘူး}} ဟု ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် လာမည့် မေလ(၁၉)ရက်တွင် မန်ယူအသင်း နှင့် FA ဖလား ဗိုလ်လုပွဲကို ကစား သွားမည်ဖြစ်ပြီး ယင်းပွဲမှာ (၂)သင်း စလုံးအတွက် တစ်ခုတည်းသော ဆု ဖလားမျှော်လင့်ချက်ဖြစ်ကြောင်းလည်း သိရှိရသည်။

ကွန်တီသည် နယူးကာဆယ်အသင်းကို ရှုံးနိမ့်ခဲ့သည့်ပွဲ၌ အဝေး ကွင်းတွင် လိုက်လံအားပေးခဲ့သည့် ပရိသတ်များ၏ လှောင်ပြောင်မှုများ ကိုလည်း ခံခဲ့ရကြောင်း သိရှိရသည်။