မြန်မာအမျိုးသမီးအသင်းရဲ့ နောက်ဆုံးမျှော်လင့်ချက်

မြန်မာအမျိုးသမီးအသင်းရဲ့ နောက်ဆုံးမျှော်လင့်ချက်
Published 19 August 2017

၂၀၁၇ မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ် ပြိုင်နေတဲ့ မြန်မာအမျိုးသမီးဘောလုံးအသင်း ဟာ အဖွင့်ပွဲမှာ အဓိကပြိုင်ဘက် ထိုင်းကို ရှုံးပြီး နှစ်ပွဲကစားအပြီးမှာ သုံးမှတ်သာရသေး ပေမယ့် ချန်ပီယံလမ်းကြောင်းကနေ အလုံးစုံ သွေဖယ်သွားတာတော့ မဟုတ်သေးပါဘူး။

မြန်မာအသင်းအနေနဲ့ နောက်ဆုံးမျှော်လင့် ချက်တစ်ခုရှိပါသေးတယ်။ သြဂုတ် ၂၀ ရက်မှာ ကစားရမယ့် ဗီယက်နမ်အသင်းနဲ့ပွဲမှာ အနိုင် ရခဲ့မယ်ဆိုရင် ချန်ပီယံလမ်းကြောင်းမှာ ဆက် ရှိနေမှာဖြစ်ပြီး ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ ကြေး ဆုအတွက်ပဲ ကြိုးစားရတော့မှာဖြစ်ပါတယ်။ ၂၀၁၇ မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ် ပြိုင်နေတဲ့ မြန်မာအမျိုးသမီးဘောလုံးအသင်း ဟာ အဖွင့်ပွဲမှာ အဓိကပြိုင်ဘက် ထိုင်းကို ရှုံးပြီး နှစ်ပွဲကစားအပြီးမှာ သုံးမှတ်သာရသေး ပေမယ့် ချန်ပီယံလမ်းကြောင်းကနေ အလုံးစုံ သွေဖယ်သွားတာတော့ မဟုတ်သေးပါဘူး။

မြန်မာအသင်းအနေနဲ့ နောက်ဆုံးမျှော်လင့် ချက်တစ်ခုရှိပါသေးတယ်။

သြဂုတ် ၂၀ ရက်မှာ ကစားရမယ့် ဗီယက်နမ်အသင်းနဲ့ပွဲမှာ အနိုင် ရခဲ့မယ်ဆိုရင် ချန်ပီယံလမ်းကြောင်းမှာ ဆက် ရှိနေမှာဖြစ်ပြီး ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ ကြေး ဆုအတွက်ပဲ ကြိုးစားရတော့မှာဖြစ်ပါတယ်။ မြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲမှာ ထိုင်းအသင်းကို (၂-၃) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဒုတိယ ပွဲမှာတော့ အိမ်ရှင်မလေးရှားအသင်းကို (၅-ဝ) ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ မြန်မာအသင်း အနေနဲ့ ထိုင်းကိုရှုံးခဲ့တဲ့ အဖွင့်ပွဲက ချန်ပီယံဆု အတွက် များစွာသက်ရောက်မှုရှိခဲ့ပြီး အခွင့် အရေးနည်းသွားတဲ့အပြင် တခြားအသင်းတွေ ရဲ့ ရလဒ်တွေကိုလည်း စောင့်ကြည့်ရမယ့် အနေအထားဖြစ်သွားခဲ့ပါတယ်။ မြန်မာအသင်း အနေနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့ထက် ဗီယက်နမ်နဲ့ပွဲမှာ အနိုင်ရဖို့ အရင်ဆုံးကြိုးစား ရတော့မှာပါ။ မြန်မာအသင်းဟာ အာဆီယံ ဒေသတွင်းပြိုင်ပွဲတွေမှာ အဓိကပြိုင်ဘက် နှစ်သင်းဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်တို့နဲ့တွေ့ရင် ရလဒ်မကောင်းတာကြာပါပြီ။ ဗီယက်နမ် အသင်းကိုလည်း ပြီးခဲ့တဲ့ ဧပြီက ကျင်းပခဲ့တဲ့  အာရှဖလားခြေစစ်ပွဲမှာ (ဝ-၂) ဂိုးနဲ့ ရှုံးထားပါ တယ်။ ဒီပွဲဟာ မြန်မာအမျိုးသမီးအသင်းရဲ့ ချန်ပီယံဆုအတွက် နောက်ဆုံးမျှော်လင့်ချက် ဖြစ်တာကြောင့် ဖောင်ဖျက်တိုက်ရမယ့်ပွဲဖြစ် ပါတယ်။ နိုင်ရင် ရွှေဆုအပါအဝင် အနိမ့်ဆုံး ငွေဆုလောက်အထိ မျှော်မှန်းလို့ ရနိုင်တဲ့ အနေ အထားမျိုးဖြစ်သွားနိုင်ပြီး ရှုံးခဲ့ရင်တော့ ကြေး ဆုအတွက်ပဲ ကစားရတော့မှာပါ။

မြန်မာအမျိုး သမီးအသင်းအနေနဲ့ ဆီးဂိမ်းစ်ပထမဆုံး ရွှေ ဆုအတွက် အားခဲထားပေမယ့် ပထမပွဲမှာ ထိုင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပြိုလဲလုဖြစ်ခဲ့ရ ပါတယ်။ ဒုတိယပွဲဖြစ်တဲ့ မလေးရှားနဲ့ပွဲမှာ ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ထိုင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲကအရှိန်တွေက သက်ရောက်မှုတွေရှိနေပြီး  ပထမပိုင်းမှာ ပုံစံကောင်းမပြသနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာ မလေးရှားအသင်းရဲ့ လက် ဆောင်ဂိုးရပြီးမှ အနိုင်ဂိုးတွေ ဆက်ရခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ ဗီယက်နမ် ကို အနိုင်ကစားဖို့ဆိုရင် လက်ရှိခြေစွမ်းနဲ့တော့ မဖြစ်နိုင်ပါဘူး။

မြန်မာအသင်းရဲ့ ခြေစွမ်းဟာ ပြီးခဲ့တဲ့ ၂၀၁၆ အာဆီယံ အမျိုးသမီးချန်ပီယံ ရှစ်ပြိုင်ပွဲမှာ တတိယနေရာဆုရခဲ့တဲ့ ခြေစွမ်း ကိုတောင် မမီသေးပါဘူး။ အဲဒီပြိုင်ပွဲမှာ မြန်မာ အသင်းဟာ ဗီယက်နမ်အသင်းနဲ့ ဆီမီးဖိုင်နယ် မှာ တွေ့ဆုံခဲ့ပြီး သုံးဂိုးစီသရေကျနေကာ ပယ် နယ်တီကျမှ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ မြန်မာအမျိုးသမီးအသင်းမှာ တစ်ခုရှိတာက နောက်ဆုံးမိနစ်အထိ ဇွဲမလျော့ဘဲ ကြိုးစားတဲ့ စိတ်လေးပါ။ ဒါကိုတော့ ချီးကျူးရပါမယ်။ နောက်ဆုံးအချိန်သွင်းဂိုးတွေနဲ့ မြန်မာအမျိုး သမီးအသင်း အနိုင်ရခဲ့တာ၊ အဖိုးတန်ချေပဂိုး ရခဲ့တာတွေ ရှိခဲ့ပါတယ်။ အခုပွဲမှာလည်း ဒီလို မျိုးစွမ်းဆောင်မှုတွေ မိနစ် ၉၀ စလုံး အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်တွေ မြင်တွေရဖို့ လိုပါ တယ်။ နှစ်ပွဲမှာ သုံးမှတ်ပဲရသေးပေမယ့် မြန် မာအမျိုးသမီးအသင်းရဲ့ ချန်ပီယံမျှော်လင့် ချက်က အဆုံးမသတ်သေးပါဘူး။ အမျိုးသား ယူ-၂၂ အသင်း နှစ်ပွဲဆက်အနိုင်ရတဲ့အချိန် မှာ ဆုကြေးငွေ ဒေါ်လာ(၈၀၀၀၀) လောက် ချီးမြှင့်ခဲ့ပေမယ့် မြန်မာအမျိုးသမီးအသင်းကို တော့ ဆုကြေးချီးမြှင့်တာတွေ မတွေ့ရသေးပါ ဘူး။ မလေးရှားကို အနိုင်ရတဲ့ပွဲမှာ တတိယပွဲ ဖြစ်တဲ့ ဗီယက်နမ်နဲ့ပွဲအတွက် စိတ်ဓာတ်မြှင့် တင်မှုတွေ လုပ်သင့်ပါတယ်။ မြန်မာအမျိုး သမီးအသင်းအနေနဲ့ ဗီယက်နမ်ကိုနိုင်ရင် ချန်ပီယံဆုမျှော်လင့်လို့ ရနိုင်ပါသေးတယ်။

ဒီအချိန်က သူတို့ကို စိတ်ဓာတ်မြှင့်တင်ပြီး အနိုင်ရအောင် လုပ်ပေးရမယ့်အချိန်ပါ။ မြန်မာအမျိုးသမီးအသင်းဟာ ဆီးဂိမ်းစ် ပြိုင်ပွဲမှာ အမြင့်ဆုံးငွေတံဆိပ်ရဖူးသေးပြီး ၂၀၀၉နဲ့ ၂၀၁၃ ပြိုင်ပွဲတွေမှာ ကြေးတံဆိပ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ အခုပြိုင်ပွဲမှာလည်း ဗီယက်နမ်ကို အနိုင်မရခဲ့ရင် ကြေးဆုနဲ့ပဲ ကျေနပ်ရဖို့များပြီး ချန်ပီယံဆုအတွက် နောက်ဆုံး မျှော်လင့်ချက်မှာ မြန်မာအမျိုးသမီးအသင်း ဘာတွေလုပ်ပြနိုင်မလဲဆိုတာ.....