မနက်ဖြန်နံနက်ယှဉ်ပြိုင်ကစားကြမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

မနက်ဖြန်နံနက်ယှဉ်ပြိုင်ကစားကြမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 5 May 2018

ဘရိုက်တန် နှင့် မန်ယူတို့ ပထမအကျော့တွေ့ဆုံခဲ့စဉ် (Photo:AFP)

ဘရိုက်တန် နှင့် မန်ယူ  (၅-၅-၂၀၁၈ နံနက် ၁း၃၀ နာရီ)

ဂို့ဘ်နဲ့ မာရေးတို့တိုက်စစ်ကို မန်ယူလျှော့မတွက်သင့်ဘူး။ ဘရိုက်တန်က အိမ်ကွင်းမှာ မာကျောတဲ့အသင်းလို့လည်း ပြော နိုင်တယ်။ မန်ယူက လူကာကူ မကစားနိုင်ဘူး။ ဒါပေမဲ့ ပြဿနာ မရှိပါဘူး။ နောက်ဆုံးကစားခဲ့တဲ့ (၈)ပွဲမှာလည်း (၇)ပွဲနိုင်ထားတဲ့ မှတ်တမ်းလည်းရှိတယ်။ ဒီပွဲလည်း မန်ယူပဲ အနိုင်ယူသွားလိမ့်မယ်။

 

ဆီဗီလာ နှင့် ဆိုစီဒက် (၅-၅-၂၀၁၈ နံနက် ၁း၃၀ နာရီ)
ဆီဗီလာကတော့ နည်းပြ မွန်တဲလားကိုတောင် ထုတ်လိုက်ပြီး နည်းပြသစ်နဲ့ သိက္ခာပြန်ဆယ်နိုင်ဖို့ ကြိုးစားလာနိုင်တယ်။ ဆိုစီဒက်ကလည်း ရာသီသိမ်းခါနီး အဝေးကွင်းမှာ စိတ်ချထားလို့မရဘူး။ ဆီဗီလာနဲ့ ဂိုးအများပဲရွေးထားချင်တယ်။

 

အာမီယန်စ် နှင့် PSG (၅-၅-၂၀၁၈ နံနက် ၁း၁၅ နာရီ)

ချန်ပီယံ PSG အတွက် ဂုဏ်သိက္ခာကလွဲလို့ ကျန်တာ ဘာမှမလိုပါဘူး။ အာမီယန်စ်က တန်းဆင်းဇုန်ကလွတ်သွားပေမယ့် အိမ်ကွင်းမှာ ကြိုးစားပြနိုင်လို့ PSG ဂိုးမပြတ်နိုင်ဘူး။