ဂျိမ်းစ်မက်ဒီဆင်အား ပရီးမီးယားလိဂ်အသင်းများ ကြိုးပမ်း

ဂျိမ်းစ်မက်ဒီဆင်အား ပရီးမီးယားလိဂ်အသင်းများ ကြိုးပမ်း
Published 19 April 2018

 

Photos: Norwich City

 

ပရီးမီးယားလိဂ်ကလပ်အနည်းဆုံး(၆)သင်းသည် လိဂ်ချန်ပီယံရှစ်ကလပ် နောဝစ်ချ်အသင်း၏ ကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆင်အားခေါ်ယူရန် ကြိုးပမ်းနေသည်ဟု Mirror သတင်းစာက ဖော်ပြခဲ့သည်။

အင်္ဂလန်ယူ-၂၁ ကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆင်(၂၁ နှစ်)သည် ၂၀၁၈ ခုနှစ်အတွင်း နောဝစ်ချ်အသင်းအတွက် (၁၀)ဂိုးသွင်းယူပေးထားပြီး အသင်း၌ ခြေစွမ်းပြလျက်ရှိနေရာ မန်စီးတီး၊ စပါး၊ အာဆင်နယ်၊ အဲဗာတန်၊ ဆောက်သမ်တန်၊ ဘရိုက်တန်အစရှိသော အသင်းများက ခေါ်ယူရန်ပစ်မှတ်ထားနေခြင်းဖြစ်သည်။

မက်ဒီဆင်သည် ပြီးခဲ့သည့်ဇွန်လအတွင်းကမှ နောဝစ်ချ်အသင်းနှင့် (၄)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုထားပြီး အသင်းတွင် တစ်ပတ်လစာငွေ ပေါင်(၁၃၀၀၀)သာရရှိနေသည်။