မန်စီးတီးအသင်း၏ ပယ်နယ်တီ၌လည်း ဒိုင်လူကြီးမှားယွင်းကြောင်း ဆောင်းနက်စ် ဝေဖန်

မန်စီးတီးအသင်း၏ ပယ်နယ်တီ၌လည်း ဒိုင်လူကြီးမှားယွင်းကြောင်း ဆောင်းနက်စ် ဝေဖန်
Published 16 April 2018

 

 

 

 

 

လီဗာပူးလ်အသင်း၏ ကစားသမားဟောင်းနှင့် နည်းပြဟောင်းဖြစ်သူ ဂရေမီဆောင်းနက်စ်က စပါး(၁-၃)မန်စီးတီးပွဲမှ ဒိုင်လူကြီး ဂျွန်မော့စ်သည် မန်စီးတီးအသင်းဘက်သို့ ပယ်နယ်တီတစ်လုံး မှားယွင်းစွာပေးခဲ့ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

ပွဲချိန်(၂၅)မိနစ်တွင် မန်စီးတီးအသင်း ပယ်နယ်တီ ရရှိခဲ့ရာ၌ ဂျွန်မော့စ်သည် ပယ်နယ်တီဧရိယာပြင်ပတွင်ဖြစ်ခဲ့သောပြစ်ဒဏ်ဘောကို ပယ်နယ်တီအဖြစ် သတ်မှတ်ခဲ့သည်ဟု ဆောင်းနက်စ်က ဝေဖန်ခဲ့သည်။

မန်စီးတီးတောင်ပံတိုက်စစ်ကစားသမား စတာလင် ဘောလုံးဆွဲပြေးလာရာ၌ လိုရစ်က ရှေ့သို့ထွက်ကာ ခြေထောက်ဖြင့် ဖျက်ထုတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် သူ၏ဖျက်ထုတ်မှုမှာ စတာလင်ကို ကန်မိသလိုဖြစ်သွားခဲ့ပြီး ဒိုင်လူကြီးက ပယ်နယ်တီသတ်မှတ်ရုံသာမက လိုရစ်ကို အဝါကတ်ပါ ပြသခဲ့သည်။

" ဒီဖြစ်ရပ်မှာ (စပါးဂိုးသမား) လိုရစ်ဟာ စည်းပြင်ကိုထွက်ပြီး ဖျက်ထုတ်ခဲ့တာပါ။ ဒါဟာ ပယ်နယ်တီမဟုတ်ပါဘူး" ဟု ဆောင်းနက်စ်က ပွဲချိန် ပထမပိုင်းအပြီး ဝေဖန်သုံးသပ်မှုတွင် ပြောကြားခဲ့သည်။ ယင်းပယ်နယ်တီကို မန်စီးတီးကွင်းလယ်လူ ဂွန်ဒိုဂန်က စပါးဂိုးသမား လိုရစ်၏ဘယ်ဘက်သို့ အပြင်းကန်သွင်းယူကာ မန်စီးတီးအသင်း ဒုတိယဂိုးရရှိခဲ့သည်။