မြားပစ်အသင်းလိုက်နှင့် ခြင်းလုံးနောက်ဆုံးနေ့ ယနေ့ကျင်းပမည်

မြားပစ်အသင်းလိုက်နှင့် ခြင်းလုံးနောက်ဆုံးနေ့ ယနေ့ကျင်းပမည်
Published 17 August 2017

Photo - ဓာတ်ပုံ - ညီညီစိုးညွန့်

ဆီးဂိမ်းစ် မြားပစ် Compound အသင်း လိုက်ပြိုင်ပွဲနှင့် ခြင်းလုံးနောက်ဆုံးနေ့ပွဲစဉ် များကို သြဂုတ် ၁၇ ရက် (ယနေ့) ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။  ဆီးဂိမ်းစ် မြားပစ် Compound အသင်း လိုက်ပြိုင်ပွဲနှင့် ခြင်းလုံးနောက်ဆုံးနေ့ပွဲစဉ် များကို သြဂုတ် ၁၇ ရက် (ယနေ့) ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြားပစ်ပြိုင်ပွဲတွင် Compound  ပြိုင်ပွဲ ကို စတင်ကျင်းပနေပြီး ပထမနေ့တွင် တစ်ဦး ချင်းပြိုင်ပွဲများကျင်းပခဲ့ကာ ဒုတိယနေ့တွင် အသင်းလိုက်ပြိုင်ပွဲကျင်းပရန် စီစဉ်ထားခြင်း ဖြစ်သည်။ မြန်မာအသင်းသည် Compound အမျိုးသားနှင့် အမျိုးသမီးပြိုင်ပွဲနှစ်ခုစလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဆုတံဆိပ် ရယူနိုင်ရန် အလားအလာကောင်းလျက်ရှိ သည်။ မြန်မာအမျိုးသမီး Compound အသင်း သည် ယခုပြိုင်ပွဲတွင် ဆုတံဆိပ်မျှော်မှန်းထား ပြီး ကစားသမားများ ပုံမှန်လက်စွမ်းရခဲ့ပါက ရွှေဆုပင် မျှော်မှန်းနိုင်ကြောင်း သိရသည်။

ခြင်းလုံးပြိုင်ပွဲ ဒုတိယနေ့တွင် Event -1 နှင့် Event-4 ပြိုင်ပွဲကျင်းပမည်ဖြစ်ပြီး မြန်မာ အသင်းသည် Event-4ပြိုင်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာခြင်းလုံးအသင်း သည် ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရသည့် ပြိုင်ပွဲအမျိုးအစားနှစ်မျိုးစလုံး၌ ဝင် ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာ့ရိုးရာ အားကစားနည်းဖြစ်သည့် ခြင်းလုံးပြိုင်ပွဲမှာ  ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် စတင်ပါဝင်ခဲ့ခြင်း ဖြစ်သည်။