ထိုင်းနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ခြင်းလုံးအားကစားနည်းမှ ပထမဦးဆုံးရွှေတံဆိပ် မြန်မာဆွတ်ခူး

ထိုင်းနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ခြင်းလုံးအားကစားနည်းမှ ပထမဦးဆုံးရွှေတံဆိပ် မြန်မာဆွတ်ခူး
Published 17 August 2017

မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသော (၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အမျိုးသားခြင်းလုံးပြိုင်ပွဲတွင် ထိုင်းအသင်းနှင့်အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ပြီး
မြန်မာအသင်းက ပထမဦးဆုံး ရွှေတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

(၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ အမျိုသားခြင်းလုံးပြိုင်ပွဲ Event-2 တွင်
မြန်မာအမျိုးသားခြင်းလုံးအသင်းက ထိုင်းအသင်းကို အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီး (၁၄)မှတ် အသာဖြင့် ရွှေတံဆိပ်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

photo - ညီညီစိုးညွန့်

မြန်မာ အမျိုးသားခြင်းလုံးအသင်း
သည် စုစုပေါင်းရမှတ် (၃၁ရ)မှတ်ရရှိခဲ့ပြီး ထိုင်းအမျိုးသားအသင်းက စုစုပေါင်းရမှတ်(၃၀၃)ရရှိခဲ့ကြောင်း သိရသည်။