ယခုရာသီ ပရီးမီးယားလိဂ်တွင် တစ်ပွဲပျမ်းမျှ အမှတ်အများဆုံးရယူခဲ့သူအဖြစ် ဒေးဗစ်လ်ဆေးဗား မှတ်တမ်းဝင်

ယခုရာသီ ပရီးမီးယားလိဂ်တွင် တစ်ပွဲပျမ်းမျှ အမှတ်အများဆုံးရယူခဲ့သူအဖြစ် ဒေးဗစ်လ်ဆေးဗား မှတ်တမ်းဝင်
Published 31 March 2018

ဗြိတိန်ထုတ် dailymail သတင်းစာက ယခုရာသီ ပရီးမီးယားလိဂ်တွင် မိမိအသင်းအတွက် တစ်ပွဲပျမ်းမျှ အမှတ်အများဆုံး
ရယူပေးခဲ့သည့်ကစားသမားစာရင်းကို အချက်အလက်များနှင့် ဖော်ပြခဲ့ရာ မန်စီးတီးအသင်း၏ စပိန်လက်ရွေးစင်ကွင်းလယ်
လူ ဒေးဗစ်ဆေးလ်ဗားက အများဆုံးဖြစ်နေကြောင်းသိရသည်။ dailymail သတင်းစာသည် ယခုရာသီတွင် အနည်းဆုံး ပရီးမီးယားလိဂ်
(၁၀)ပွဲကစားခဲ့သူများကိုသာ ထည့်သွင်းတွက်ချက်ထားခြင်းဖြစ်ပြီး ဒေးဗစ်ဆေးလ်ဗားသည် မန်စီးတီးအသင်းအတွက် လိဂ်ပွဲစဉ်(၂၃)ပွဲ
ကစားရာတွင် တစ်ပွဲမှ ရှုံးပွဲမရှိခဲ့ဘဲ (၂၂)ပွဲနိုင်၊ တစ်ပွဲသရေကျကာ တစ်ပွဲပျမ်းမျှအမှတ် (၂.၉၂)မှတ်အထိ ရယူနိုင်ခဲ့သည်။

ဒေးဗစ်ဆေးလ်ဗား၏နောက်တွင် မန်ယူအသင်း ကွင်းလယ်လူ ဖယ်လေနီက ဒုတိယအမှတ်အများဆုံးရယူခဲ့သည့် ကစားသမားအဖြစ်
ရပ်တည်လျက်ရှိနေသည်။ ဖယ်လေနီသည် မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်(၁၃)ပွဲကစားရာတွင် (၁၁)ပွဲနိုင်၊ (၂)ပွဲရှုံးနိမ့်ခဲ့ပြီး တစ်ပွဲ
ပျမ်းမျှအမှတ် (၂.၅၄)မှတ်ရယူခဲ့ကြောင်းသိရသည်။ အမှတ်အနည်းဆုံးရယူခဲ့သည့်ကစားသမားအဖြစ် ဝက်စ်ဘရွန်းအသင်း၏ စကော့တလန်
တောင်ပံကစားသမား အိုလီဗာဘာ့ခ်က မှတ်တမ်းဝင်ခဲ့ပြီး ယခုရာသီတွင် အသင်းအတွက် ပရီးမီးယားလိဂ်(၁၃)ပွဲကစားကာ ပျမ်းမျှအမှတ် (ဝ.၁၅)
မှတ်သာရယူနိုင်ခဲ့ကြောင်း dailymail သတင်းစာက ဖော်ပြခဲ့သည်။

REF:Daily Mail