ၤFA ဖလားပွဲစဉ်များကြောင့် ပရီးမီးယားလိဂ်ပွဲကစားမည့်ရက်များ ပြောင်းလဲၤ

ၤFA ဖလားပွဲစဉ်များကြောင့် ပရီးမီးယားလိဂ်ပွဲကစားမည့်ရက်များ ပြောင်းလဲၤ
Published 24 March 2018

ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် FA ဖလားပြိုင်ပွဲကြောင့်  အမှတ်ပေးပွဲကစားမည့် ပွဲစဉ်အချို့ကို ရက်အပြောင်းအလဲပြုလုပ်ခဲ့ ကြောင်း သိရသည်။

FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဧပြီ ၂၁၊ ၂၂ ရက်တွင် ကျင်းပမည်ဖြစ်သောကြောင့် ယင်းအဆင့်သို့ရောက်ရှိနေသည့် အသင်းများ၏ပွဲစဉ်ကို အဓိကပြောင်းလဲခဲ့ခြင်းဖြစ်သည်။

မူလက ဧပြီ ၂၀ ရက်တွင်ကစားမည့် ဘရိုက်တန်-စပါးပွဲကို ဧပြီ ၁၇ ရက်သို့လည်းကောင်း၊ ဧပြီ ၂၁ ရက်တွင်ကစားမည့် ဘုန်းမောက်- မန်ယူပွဲကို ဧပြီ ၁၈ ရက်သို့လည်းကောင်း၊ FA ဖလား ကွာတားဖိုင်နယ်ကြောင့် မတ် ၁၇ ရက်က ရွှေ့ဆိုင်းခဲ့သည့် ဘန်လေ-ချယ်လ်ဆီးပွဲကို ဧပြီ ၁၉ ရက်သို့လည်းကောင်း၊ ဧပြီ ၂၁ ရက်တွင်ကစားမည့် လက်စတာ-ဆောက်သမ်တန်ပွဲကို ဧပြီ ၁၉ ရက်သို့လည်းကောင်း၊ ဧပြီ ၂၃ ရက်တွင်ကစားမည့် အာဆင်နယ်- ဝက်စ်ဟမ်းပွဲကို ဧပြီ ၂၂ ရက်သို့လည်းကောင်း၊ ဧပြီ ၂၁ ရက်တွင်ကစားမည့် စတုတ်-ဘန်လေ ပွဲကို ဧပြီ ၂၂ ရက်သို့လည်းကောင်း၊ ဧပြီ ၂၁ ရက်တွင်ကစားမည့် အဲဗာတန်-နယူးကာ ဆယ်ပွဲကို ဧပြီ ၂၃ ရက်သို့လည်းကောင်း ပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။