■ သတင်းထုတ်ပြန်မှုနှင့် မီဒီယာပိုင်း အားနည်းမှုအပေါ် ဝေဖန်မှုများရှိနေ

■ သတင်းထုတ်ပြန်မှုနှင့် မီဒီယာပိုင်း အားနည်းမှုအပေါ် ဝေဖန်မှုများရှိနေ
Published 15 August 2017

မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲ၏ သတင်းထုတ်ပြန်မှုနှင့် မီဒီယာပိုင်းဆိုင်ရာ ဆောင်ရွက်မှု အားနည်းခြင်းအပေါ် ပြိုင်ပွဲဝင်နိုင်ငံများမှ ပရိသတ်များ
ဝေဖန်မှုမြင့်တက်လျက်ရှိကြောင်း သိရသည်။ ပြိုင်ပွဲကျင်းပရေးကော်မတီသည် ပရိသတ်စိတ်ဝင်စားမှုအများဆုံးဖြစ်သည့် ဘောလုံးအပါအဝင်
အခြားအားကစားနည်းများအား တိုက်ရိုက်ထုတ်လွှင့်ပြသမှု အားနည်းခြင်း၊ နေ့စဉ်အလိုက်ကျင်းပမည့် အားကစားနည်းများ၏ ပွဲစဉ်များနှင့်
ရလဒ်များထုတ်ပြန်မှု အား နည်းခြင်းအပေါ် ဝေဖန်မှုရှိနေခြင်းဖြစ်သည်။ ပြိုင်ပွဲ၏ တရားဝင်ဝက်ဘ်ဆိုက်နှင့် အွန်လိုင်း App တွင်လည်း
ပွဲစဉ်များနှင့် ရလဒ်များအား အလွယ်တကူကြည့်ရှု၍မရခြင်း၊ အွန်လိုင်းမှ Live Stream ကြည့်ရှု၍မရခြင်းများကြောင့် Kuala Lumpur 2017
စာမျက်နှာ တွင် မြန်မာအပါအဝင် နိုင်ငံပေါင်းစုံမှ ဝေဖန်ရေးသားမှုများရှိနေကြောင်း သိရသည်။

Photo:kualalumpur2017.com.my