ဂတ်တူဆိုကို အေစီမီလန်အသင်း စာချုပ်သစ်ကမ်းလှမ်းမည်

ဂတ်တူဆိုကို အေစီမီလန်အသင်း စာချုပ်သစ်ကမ်းလှမ်းမည်
Published 20 March 2018

အေစီမီလန်အသင်းသည် နည်းပြဂတ်တူဆို၏ စွမ်းဆောင်ရည်ကို ကျေနပ်နေပြီး စာချုပ်သစ်ကမ်းလှမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

ဂတ်တူဆိုသည် အေစီမီလန်အသင်းအား ၂၀၁၇ နိုဝင်ဘာလတွင် စတင်ကိုင်တွယ်ခဲ့ပြီး သူ၏ စာချုပ်မှာ ရာသီကုန်အထိသာရှိနေကြောင်း သိရသည်။

အေစီမီလန်အသင်း၏ အမှုဆောင်ချုပ် မာကိုဖက်ဆိုနီက ''ဂတ်တူဆိုရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကျေနပ်မိပါတယ်။ သူက မျှော်လင့်ထားတာထက်တောင် ပိုမိုစွမ်းဆောင်ပြနေပါတယ်။ သူနဲ့ စာချုပ်သစ်ဆွေးနွေးဖို့ အချိန်ကောင်းကို ရှာဖွေသွားပါမယ်''ဟု ဆိုခဲ့သည်။