အင်နီယေစတာ၏အနာဂတ်ဆုံးဖြတ်ချက်ကို ဗယ်လ်ဗာဒီ စောင့်ဆိုင်းနေ

အင်နီယေစတာ၏အနာဂတ်ဆုံးဖြတ်ချက်ကို ဗယ်လ်ဗာဒီ စောင့်ဆိုင်းနေ
Published 19 March 2018

ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီက အဓိကကစားသမား အင်နီယေစတာ၏ အသင်းအတွက် အနာဂတ်ဆက်ရှိ၊ မရှိဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေဆဲဖြစ်သည်ဟု ဝန်ခံခဲ့သည်။

'' လက်ရှိအချိန်မှာ ကျွန်တော်တို့ သူ့ရဲ့ဆုံးဖြတ်ချက်ကို စောင့်ပြီးကြည့်ရုံပါပဲ။ လတ်တလောမှာတော့ သူ ဘာမှ မဆုံးဖြတ်ရသေးပါဘူး။ သူ ဘာတွေယူဆောင်လာမလဲဆိုတာ ကျွန်တော်တို့ သိနေတယ်။ အားလုံးကလည်း သူ ဒီမှာ ထာဝရဆက်နေဖို့
အလိုရှိပါတယ်''ဟု ဗယ်လ်ဗာဒီက ပြောကြားခဲ့သည်။

ကာယကံရှင် အင်နီယေစတာကိုယ်တိုင်က လာမည့်ဧပြီလ(၃၀)ရက်နေ့ နောက်ဆုံးထားပြီး ဆုံးဖြတ်ချက်ချမှတ်သွားမည်ဟု ကြေညာထားသည်။

၎င်းသည် ယခုရာသီအစောပိုင်းကမှ အသင်းမှာ ထာဝရစာချုပ်ချုပ်ဆိုထားပြီး အသင်းတွင် အရေးပါကျော်ကြားမှု လျော့နည်းလာလျှင် ထွက်ခွာခွင့်ပြုသည်ဟူသေအချက်ကို စာချုပ်တွင် ထည့်သွင်းထားသည်။

ပြီးခဲ့သည့်ဘီလ်ဘာအိုနှင့်ပွဲတွင် အင်နီယေစတာ လူစားဝင်ကစားသည့်အချိန်၌ ပရိသတ်များက အသင်းတွင်ဆက်နေရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။