ချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်းအဆင့်(ဒုတိယအကျော့)ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်းအဆင့်(ဒုတိယအကျော့)ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 13 March 2018

မန်ယူ နှင့် ဆီဗီလာ (မြန်မာစံတော်ချိန် မတ် ၁၄ နံနက် ၂း၁၅ နာရီ)

ပထမအကျော့တုန်းက မန်ယူကစားတာ တော်တော်ညံ့ပါတယ်။ ဒါပေမဲ့ အိမ်ရှင်ဆီဗီလာလည်း အားနည်းချက်တွေအများ ကြီးရှိတာတွေ့ခဲ့ရတယ်။ ဆီဗီလာရဲ့ လက်ရှိခြေအဆင့်အတန်းက သာမန်အဆင့်ပဲရှိတယ်။ ကွင်းလယ်ကို Upgrade မလုပ် နိုင်ဘူး။ တိုက်စစ်က မဆိုးဘူးလို့ပြောနိုင်ပေမယ့် အမြင့်ဆုံးအဆင့် ပြိုင်ပွဲတွေ၊ ပြိုင်ဘက်တွေအတွက် သိပ်ကြောက်စရာကောင်း တဲ့အခြေအနေမဟုတ်ဘူး။ ခံစစ်ပိုင်းကတော့ မဆိုးဘူးလို့ ပြောလို့ရတယ်။ ဒါပေမဲ့အက်သလက်တီကိုကို ဂိုးပြတ်ရှုံးတုန်းက ခြေစွမ်းမျိုးကျတော့လည်း လွယ်ကူလွန်းတယ်။ ဖိအားဒဏ်တွေကို မခံနိုင်သလို၊ ကျဉ်းထဲကျပ်ထဲမှာ အမှားကျူးလွန်တတ်တယ်။ နောက်ဆုံးအရေးပါတဲ့အချက်က မန်ယူက အိမ်ကွင်းမှာ စိတ်ချရတဲ့ ခြေစွမ်းနဲ့ ရလဒ်ပိုင်းရှိသလို၊ နောက်ပိုင်းပွဲတွေမှာ Rhythm မှန်နေတာလည်းတွေ့ရတယ်။ မန်ယူ သေချာပေါက်နိုင်မယ်။

ရိုးမား နှင့် ရှက်တာဒိုးနက် (မြန်မာစံတော်ချိန် မတ် ၁၄ နံနက် ၂း၁၅ နာရီ)

ရှက်တာဒိုးနက်အသင်းရဲ့ကွင်းမှာ (၁-၂)နဲ့ ရှုံးခဲ့တဲ့အတွက် အိမ်ကွင်းမှာ ပြန်ကစားမယ့် ပွဲစဉ်မှာ နှစ်သင်းစလုံးအတွက် အ ခွင့်အရေးက ဆတူပဲလို့ ပြောလို့ရတယ်။ ရိုးမားက အဝေးဂိုး (၁) ဂိုးရထားတဲ့အတွက် အားသာချက်ရှိပေမယ့် ရှက်တာဒိုးနက်ကို ဂိုးမပေးရအောင် ပြန်ထိန်းနိုင်ဖို့ကလည်း အခက်အခဲတော့ရှိ တယ်။ ဒါပေမဲ့ အုပ်စုအဆင့်ပွဲစဉ်တွေတုန်းက ရိုးမားက အက်သ လက်တီကိုရော၊ ချယ်လ်ဆီးကိုပါ ဂိုးမပေးရအောင် ကစားနိုင်ခဲ့တဲ့ အသင်းဖြစ်ပြီး ရှက်တာဒိုးနက်ရဲ့အဝေးကွင်းရလဒ်ပိုင်းကလည်း အားရစရာတော့မဟုတ်ဘူး။ ဒါ့အပြင် အီတလီမြေမှာ ရိုးမားကို သရေကစားဖို့ဆိုတာ ရှက်တာဒိုးနက်အတွက်သိပ်တော့မလွယ် ကူပါဘူး။ ရိုးမားကိုပဲ ကြိုက်တယ်။

Most Read

Most Recent