ချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်းအဆင့်(ဒုတိယအကျော့)ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်းအဆင့်(ဒုတိယအကျော့)ပွဲစဉ် ပွဲကြိုသုံးသပ်ချက်
Published 6 March 2018

[gallery ids="41940"]

PSG နှင့် ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် မတ် ၇ ရက် နံနက် ၂း၁၅ နာရီ)

ပထမအကျော့တုန်းက ရီးယဲလ်မက်ဒရစ်ကွင်းမှာ ဂိုးပြတ်ရှုံးထားတဲ့အခြေအနေ၊ ဒီပွဲမှာ နေမာ မကစားနိုင်တော့တဲ့အခြေ အနေတွေအတွက် PSG ကို လိုအပ်တာထက်ပိုပြီး အထင်သေးချင်စရာအခြေအနေတွေရှိတယ်။ ဒါပေမဲ့ PSG ဟာ မနှစ်က နေမာတင်မဟုတ်ဘဲ ဘာပေပါမရှိတဲ့လူစာရင်းနဲ့ ဘာစီလိုနာကို အိမ်ကွင်းမှာ (၄)ဂိုးပြတ်အနိုင်ရခဲ့ဖူးတာကို မမေ့သင့်ဘူး။ ဒီလိုပဲ ရီးယဲလ်မက်ဒရစ်ဟာ မနှစ်က အက်သလက်တီကိုမက်ဒရစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပြီးမှ အဝေးကွင်းမှာ ထွက်ရမလိုဖြစ်ခဲ့ ဖူးတဲ့အသင်းဖြစ်နေတယ်။ PSG အတွက် စိုးရိမ်စရာက တစ်ခုပဲရှိတယ်။ နေမာမပါဘဲ အခုမှ ပထမအကျော့ကစားရမှာဆိုရင် သူတို့ သိပ်စိုးရိမ်နေစရာမရှိဘူး။ အခုကတော့ ဂိုးပြတ်ရှုံးထားတဲ့အချိန်မှာ နေမာမပါဘူးဆိုတဲ့ဖိအားက ဒုက္ခပေးနိုင်ခြေရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အနိုင်အတွက်ကတော့ PSG ကို ပိုကြိုက်ပါတယ်။ (၂-၁)၊ (၃-၂)လောက်ဖြစ်မယ်ထင်တယ်။

လီဗာပူးလ် နှင့် ပေါ်တို (မြန်မာစံတော်ချိန် မတ် ၇ ရက် နံနက် ၂း၁၅ နာရီ)

ဘေဆယ်-မန်စီးတီးပွဲထက် ပိုဆိုးတဲ့ပွဲတစ်ပွဲဖြစ်နေတယ်။ အဝေးကွင်းမှာ (၅)ဂိုးပြတ်နိုင်ထားတဲ့ လီဗာပူးလ်အတွက် ဘာအ ခက်အခဲမှ မရှိဘူး။ ဒါပေမဲ့ လီဗာပူးလ်က လက်ရှိ ချန်ပီယံလိဂ် မှာ အကောင်းဆုံးတိုက်စစ်ကို ပိုင်ဆိုင်ထားတဲ့အသင်းဖြစ်နေ တယ်။ ဒီအခြေအနေကိုဆက်ထိန်းဖို့ ဂိုးပြတ်ထပ်သွင်းဦးမယ်။