မျှော်လင့်ထားသည်ထက်စောစွာ လာကာဇက် ပြန်ကစားနိုင်ဖွယ်ရှိ

မျှော်လင့်ထားသည်ထက်စောစွာ လာကာဇက် ပြန်ကစားနိုင်ဖွယ်ရှိ
Published 22 February 2018

 

 

Photo: Arsenal

 

ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့သော အာဆင်နယ်အသင်း၏ ပြင်သစ်တိုက်စစ်မှူး လာကာဇက်သည် မျှော်လင့်ထားသည်ထက်စောစွာ ဘောလုံးပြန်ကစားနိုင်ဖွယ်ရှိကြောင်း သိရသည်။

လာကာဇက်သည် စပါး-အာဆင်နယ် ပွဲတွင် ဒူးဒဏ်ရာရရှိခဲ့ခြင်းကြောင့် ယင်းပွဲအပြီးတွင် ခွဲစိတ်ကုသမှုခံယူခဲ့ရခြင်းဖြစ်သည်။

မူလက သူ၏ဒဏ်ရာအနေ အထားအရ ရက်သတ္တပတ်(၆)ပတ်ခန့်အနားယူရမည်ဟု ခန့်မှန်းခဲ့သော်လည်း ယခုအခါ ဒဏ်ရာသက်သာလာပြီဖြစ်၍ လာကာဇက်သည် လေ့ကျင့်ရေးခန်းမ (Gym) တွင် လေ့ ကျင့်မှုများပြုလုပ်နေကြောင်း သိရသည်။ ၎င်းက လေ့ကျင့်နေပုံများကို Instagram တွင် ဖော်ပြခဲ့သည်။