ဂိုးသမား ရိုဘဲလ်စ်အား အဲဗာတန် လမ်းခွဲဖွယ်ရှိ

ဂိုးသမား ရိုဘဲလ်စ်အား အဲဗာတန် လမ်းခွဲဖွယ်ရှိ
Published 22 February 2018

 

 

အဲဗာတန်အသင်းသည် အသင်း၏ စပိန်ဂိုးသမား ဂျိုယဲလ်ရိုဘဲလ်စ်အား စာချုပ်သက်တမ်းမတိုးတော့ဘဲ လမ်းခွဲဖွယ်ရှိနေကြောင်း သိရှိရသည်။ Liverpool Echo သတင်းစာ၏ဖော်ပြချက်အရ ရိုဘဲလ်စ်သည် အဲဗာတန်အသင်းနှင့် ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အဲဗာတန် အသင်းတာဝန်ရှိသူများက ၎င်းအား ယနေ့အချိန်ထိ စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းခြင်းမရှိသေးကြောင်း သိရှိရသည်။

ရိုဘဲလ်စ်အနေဖြင့် လက်ရှိအချိန်တွင် အပြောင်းအရွှေ့အတွက် အခြားကလပ်အသင်းတစ်သင်းသင်းနှင့် ဆွေးနွေးခွင့်ရှိနေပြီး လာမည့်နွေရာသီတွင် အဲဗာတန်အသင်းမှ ထွက်ခွာဖွယ်ရှိနေကြောင်း ယင်းသတင်းစာက ဖော်ပြခဲ့သည်။