အနာဂတ်အလားအလာအရှိဆုံး ဆယ်ကျော်သက်ကစားသမားစာရင်းတွင် ဒွန်နာရမ်မာ ဦးဆောင်

အနာဂတ်အလားအလာအရှိဆုံး ဆယ်ကျော်သက်ကစားသမားစာရင်းတွင် ဒွန်နာရမ်မာ ဦးဆောင်
Published 20 February 2018

Photo: Getty Images

နာမည်ကြီး ဘောလုံးသုတေသနအဖွဲ့ CIES ၏ ထုတ်ပြန်မှုအရ အေစီမီလန်အသင်းမှ အီတလီဂိုးသမား ဒွန်နာရမ်မာသည် အနာဂတ်အလားအလာအရှိဆုံး ဆယ်ကျော်သက်ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရကြောင်း သိရှိရသည်။

CIES သည် ဥရောပတစ်လွှားတွင် ယှဉ်ပြိုင်ကစားနေကြသော အသက်(၂၀)အောက် ဆယ်ကျော်သက်ကစားသမားများစွာကို ပင်ကိုအရည်အသွေး၊ ပြီးခဲ့သည့်(၂)နှစ်တာအတွင်း ပွဲကစားခွင့်ရရှိမှု စသည့်အချက်များအပေါ် အခြေခံကာ အကဲဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

Photo: Getty Images

မကြာမီ အသက်(၁၉)နှစ်ပြည့်တော့မည့် ဒွန်နာရမ်မာသည် အေစီမီလန်အသင်းတွင် ပထမဂိုးသမားအဖြစ် ရပ်တည်နေသလို၊ အီတလီလက်ရွေးစင်အသင်းတွင်လည်း ဘူဖွန်၏နေရာကို ဆက်ခံခွင့်ရခဲ့သူဖြစ်သည့်အတွက် ပထမနေရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဒုတိယနေရာကိုလည်း ပြင်သစ်ယူ-၂၀ အသင်းမှ တူးလူးဂိုးသမား အယ်လ်ဘန်လာဖွန့်က ရရှိခဲ့ပြီး PSG အသင်းမှ ပြင်သစ်ဆယ်ကျေ်သက်တိုက်စစ်မှူး ဘာပေမှာမူ တတိယနေရာသာ ရရှိခဲ့သည်။

Photo: CIES

၎င်းတို့၏နောက်တွင် ပူလီရှစ်(ဒေါ့မွန်)၊ ဆား(နိုက်စ်)၊ အပ်ပါမီကာနို(လိုက်ပ်ဇစ်)၊ တွမ်ဒေးဗီးစ်(အဲဗာတန်)၊ ဒီလစ်(အေဂျက်စ်)၊ ဟားဗက်ဇ်(လေဗာကူဆင်)၊ ရိုင်ယန်ဆီဆက်ဂနွန်(ဖူလ်ဟမ်)တို့ ထိပ်ဆုံး(၁၀)ဦးစာရင်းတွင် အစဉ်လိုက်ရပ်တည်ခဲ့ကြသည်။