ဟီဂွါအင်၊ ဘာနာဒက်ခီတို့၏ဒဏ်ရာ မပြင်းထန်ဟု ဂျူဗီနည်းပြ ပြောကြား

ဟီဂွါအင်၊ ဘာနာဒက်ခီတို့၏ဒဏ်ရာ မပြင်းထန်ဟု ဂျူဗီနည်းပြ ပြောကြား
Published 19 February 2018

ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက တိုရီနိုနှင့်ဒါဘီပွဲတွင် ဟီဂွါအင်နှင့်ဘာနာဒက်ခီတို့ ဒဏ်ရာများရခဲ့ကြသော်လည်း ပြင်းထန်မှုမရှိဟု ပြောကြားခဲ့သည်။

ဟီဂွါအင်သည် ယင်းပွဲတွင် ပွဲချိန်(၁၅)မိနစ်မှာပင် တိုရီနိုဂိုးသမား ဆီရီဂူနှင့်ထိခိုက်မိကာ ခြေချင်းဝတ်ဒဏ်ရာရခဲ့ပြီး ဘာနာဒက်ခီနှင့် လူစားလဲခဲ့ရသည်။

ဘာနာဒက်ခီမှာလည်း ပွဲပြီးခါနီးနာကျင်အချိန်ပိုတွင် ဒဏ်ရာရသွားသောကြောင့် လစ်ချ်စတိုင်နာနှင့် ထပ်မံလူစားလဲခဲ့ရသည်။

သို့သော် အယ်လီဂရီမှာ အနားယူမည့်ရက်အပိုင်းအခြားကို ပြောဆိုခြင်းမရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ(၆)ရက်နေ့ကတည်းက ဒဏ်ရာကြောင့် အနားယူနေရသည့် ဒီဘားလားမှာမူ အသင်းသို့ ပြန်လာရန် နီးစပ်လျက်ရှိသည်။