ပရီးမီးယားလိဂ်အသင်းတွေ စိုးမိုးဦးမယ့် ချန်ပီယံလိဂ် ရီးယဲလ်ရဲ့အစဉ်အလာအတွေ့အကြုံကို PSG မယှဉ်နိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်များ သုံးသပ်ချက်

ပရီးမီးယားလိဂ်အသင်းတွေ စိုးမိုးဦးမယ့် ချန်ပီယံလိဂ် ရီးယဲလ်ရဲ့အစဉ်အလာအတွေ့အကြုံကို PSG မယှဉ်နိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်များ သုံးသပ်ချက်
Published 15 February 2018

ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်ပထမနေ့ပွဲစဉ်မှာ စပါး၊ မန်စီးတီးတို့ အောင်ပွဲရခဲ့သလို၊ ဒုတိယနေ့မှာလည်း လီဗာပူးလ်က ဂိုးပြတ်အနိုင်ရခဲ့လို့ ပရီးမီးယားလိဂ်အသင်းတွေ စိုးမိုးဦးမလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။

ပရိသတ်တွေစိတ်ဝင်တစားရင်ခုန်ခဲ့တဲ့ ရီးယဲလ်နဲ့ PSG ပွဲမှာ ရီးယဲလ်က ဂိုးပြတ်အနိုင်ယူပြီးနောက်တစ်ဆင့်မျှော်လင့်ချက်အားကောင်းသွားခဲ့တယ်။ ပထမပိုင်းမှာ PSG အပြန်အလှန်ထိုးဖောက်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ရီးယဲလ်ကို လုံးဝမယှဉ်နိုင်ခဲ့ဘူး။ PSG အတွက်ဦးဆောင်ဂိုးကို ရာဘီယူက (၃၃)မိနစ်မှာ နေမာနောက်ပေါက်နဲ့ ချပေးတာကနေ သွင်းယူခဲ့ပေမယ့် စီရော်နယ်လ်ဒိုက (၄၅)မိနစ်မှာ ပယ်နယ်တီကနေ ချေပဂိုးသွင်းယူခဲ့ပါတယ်။ ဒီပယ်နယ်တီက အငြင်းပွားစရာဖြစ်ခဲ့ပြီး ကွင်းလယ်ဒိုင်ရော့ခီရဲ့ ဆုံးဖြတ်ချက်တွေဟာ မေးခွန်းထုတ်စရာကောင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ရီးယဲလ်က ပွဲကို ပိုမိုစိုးမိုးနိုင်ခဲ့ပြီး PSG ခံစစ်တောင်ပံတွေက အမှားများလာတယ်။ ဘေးလ်၊ အဆန်စီရိုတို့ဝင်လာပြီးနောက်မှာ ရီးယဲလ်တိုက်စစ်အခင်းအကျင်းတွေ ပိုကောင်းလာပြီး (၈၃)မိနစ်မှာ စီရော်နယ်လ်ဒိုက ဒုတိယအနိုင်ဂိုးနဲ့ ပွဲပြီးခါနီးမှာ မာဆယ်လိုက အဆန်စီရိုပေးတာကနေ တတိယအနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ကွာတားဖိုင်နယ်ရောက်ရှိရန် နီးစပ်သွားသည့် လီဗာပူးလ်အသင်း

စီရော်နယ်လ်ဒိုက ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် (၇)ရာသီဆက် (၁၀)ဂိုးအထက် သွင်းယူနိုင်အဖြစ်စံချိန်တင်ခဲ့ပြီး အသင်းတစ်သင်းတည်းမှာ ဂိုး(၁၀၀)ကျော်သွင်းယူနိုင်သူလည်း ဖြစ်လာခဲ့ပါတယ်။

လီဗာပူးလ်ကတော့ ပေါ်တိုကို စိတ်ကြိုက်ဖိကစားပြီး (၅)ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ပေါ်တိုခံစစ်က မာနေး၊ ဖေမီနို၊ ဆာလာတို့နဲ့ လီဗာပူးလ်တိုက်စစ်ကို လုံးဝမထိန်းနိုင်ဘူး။ ဂိုးသမား ဟိုဆေးဆာကလည်း အမှားများခဲ့လို့ ဂိုးတွေအများကြီးပေးခဲ့ရတာပဲ။ လီဗာပူးလ်အတွက် ဂိုးတွေကို (၂၅)၊ (၅၃)၊ (၈၅)မိနစ်တွေမှာ မာနေး၊ (၂၉)မိနစ်မှာ ဆာလာနဲ့ (၆၉)မိနစ်မှာ ဖေမီနိုတို့က သွင်းယူပေးခဲ့ပါတယ်။ မာနေးက အိုဝင်၊ ဘီနာယောင်၊ ကော်တင်ဟိုတို့ပြီးနောက်လီဗာပူးလ်သမိုင်းတစ်လျှောက်

စံချိန်မှတ်တမ်းများပိုင်ဆိုင်ခဲ့ပြန်သည့် စီရော်နယ်လ်ဒို

ချန်ပီယံလိဂ်ဟက်ထရစ်သွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ရလဒ်များ

ပေါ်တို ဝ-၅ လီဗာပူးလ်
ရီးယဲလ် ၃-၁ PSG