ပရီးမီးယားလိဂ် အသင်းများ၏ တရားဝင်ပရိသတ်အဖွဲ့ ဘောလုံးပြိုင်ပွဲ ကျင်းပမည်

ပရီးမီးယားလိဂ် အသင်းများ၏ တရားဝင်ပရိသတ်အဖွဲ့ ဘောလုံးပြိုင်ပွဲ ကျင်းပမည်
Published 9 February 2018

ပရီးမီးယားလိဂ် အသင်းများဖြစ်သည့် မန်ယူ၊ ချယ်လ်ဆီး၊ လီဗာပူးလ်နှင့် အာဆင်နယ် အသင်းတို့၏ မြန်မာနိုင်ငံမှ တရားဝင် ပရိသတ် အဖွဲ့အစည်းများ အပျော်တမ်းဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၁ ရက်တွင် စတင်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် Blue Lion FC (ချယ်လ်ဆီး)၊ Myanmar Reds FC (လီဗာပူးလ်)၊ Royal Gunners FC (အာဆင်နယ်) နှင့် MUSC (မန်ယူ) အသင်းတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားကာ အမှတ်အများဆုံး နှစ်သင်း ဗိုလ်လုပွဲနှင့် အမှတ်အနည်းဆုံးနှစ်သင်း တတိယလုပွဲ ကစားရမည်ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်က တစ်ကြိမ်ကျင်းပခဲ့ဖူးပြီး Royal Gunners FC အသင်းက ဗိုလ်စွဲထားကြောင်း သိရသည်။