ဝက်စ်ဟမ်းတိုက်စစ်မှူး ဆာခို ပြင်သစ်ကလပ် ရန်းစ်အသင်းသို့ ရောက်ရှိ

ဝက်စ်ဟမ်းတိုက်စစ်မှူး ဆာခို ပြင်သစ်ကလပ် ရန်းစ်အသင်းသို့ ရောက်ရှိ
Published 30 January 2018

Photo: Staderennais

ဝက်စ်ဟမ်းအသင်းမှ ဆီနီဂေါတိုက်စစ်မှူး ဒီယာဖရာဆာခိုသည် ပြင်သစ်လီဂူးကလပ် ရန်းစ်အသင်းသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရှိရသည်။

ဆာခို(၂၈ နှစ်)သည် ၂၀၁၄ ခုနှစ်တွင် ဝက်စ်ဟမ်းအသင်းသို့ စတင်ရောက်ရှိခဲ့ပြီး ပွဲဦးထွက်ရာသီများ၌ ခြေစွမ်းပြနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်ရာသီတွင်မူ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်ခဲ့ရပြီး ရုန်းကန်ရသည့်အခြေအနေသို့ ရောက်ရှိခဲ့သည်။

ထို့ကြောင့် ဝက်စ်ဟမ်းအသင်းက ရောင်းထုတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ရန်းစ်အသင်းက ပြောင်းရွှေ့ကြေး ပေါင်(၈)သန်းဖြင့် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

ရန်းစ်အသင်းသည် ဆာခိုကို (၂)နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ကြောင်းလည်း သိရှိရသည်။