လိင်ပိုင်းကျူးလွန်မှုဖြစ်ရပ်ကြောင့် အမေရိကန်ကျွမ်းဘားအဖွဲ့ချုပ် ဘုတ်အဖွဲ့ဝင်အားလုံး နုတ်ထွက်ရန် အိုလံပစ်ကော်မတီ ညွှန်ကြား

လိင်ပိုင်းကျူးလွန်မှုဖြစ်ရပ်ကြောင့် အမေရိကန်ကျွမ်းဘားအဖွဲ့ချုပ် ဘုတ်အဖွဲ့ဝင်အားလုံး နုတ်ထွက်ရန် အိုလံပစ်ကော်မတီ ညွှန်ကြား
Published 29 January 2018

လယ်ရီနာဆာအား တွေ့ရစဉ် (Photo: AFP)

အမေရိကန်အိုလံပစ်ကော်မတီ (USOC) သည် လယ်ရီနာဆာ၏ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုပြဿနာအား ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသည့် ကျွမ်းဘားအဖွဲ့ချုပ် (USAG) ဘုတ်အဖွဲ့ဝင်အားလုံး ဇန်နဝါရီ ၃၁ ရက်နောက်ဆုံးထား၍ နုတ်ထွက်ရန် ညွှန်ကြားချက် ထုတ်ပြန် ထားကြောင်း သိရသည်။

လယ်ရီနာဆာ (၅၄ နှစ်) သည် အမေရိကန်ကျွမ်းဘားအသင်းနှင့် မစ်ချီဂန်ပြည်နယ်တက္ကသိုလ် ဆရာဝန်အဖြစ် ၁၉၉၆ မှ ၂၀၁၆ ခုနှစ် အထိ ဆယ်စုနှစ်သုံးခုကြာ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ နာဆာသည် ယင်းကာလအတွင်း အိုလံပစ်ရွှေတံဆိပ်ဆုရှင်များ အပါအဝင် အမျိုးသမီးငယ် ၁၅၀ ကျော်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုကြောင့် ထောင်ဒဏ်နှစ် ၄၀ မှ ၁၇၅ နှစ်အထိကျခံစေ ရန် မစ်ချီဂန်တရားရုံးက ဇန်နဝါရီ ၂၄ ရက်တွင် စီရင်ချက်ချမှတ်ခဲ့သည်။ ထို့ကြောင့် USOC က လိင်ပိုင်းဆိုင်ရာကျူးလွန်မှုပြဿနာများအား ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိသည့် USAG ဘုတ်အဖွဲ့ဝင် ၁၈ ဦး စလုံး ဇန်နဝါရီ ၃၁ ရက်နောက်ဆုံးထား၍ နုတ်ထွက်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး ဘုတ်အဖွဲ့ကလည်း လိုက်နာမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။၎င်းတို့နေရာတွင် ကစားသမား ကိုယ်စားလှယ်များပါဝင်သည့် ယာယီဘုတ်အဖွဲ့က တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။