ဘွန်ဒစ်လီဂါပွဲစဉ်အကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ်အကြိုသုံးသပ်ချက်
Published 20 January 2018

ဟော်ဖန်ဟင်မ် နှင့် လေဗာကူဆင်   (၂၀-၁-၂၀၁၈) စနေနေ့ ည ၉း၀၀ နာရီ

ဟော်ဖန်ဟင်မ် ရလဒ်ပိုင်း အနည်းငယ်ကျနေပေမယ့် အိမ်ကွင်းမှာတော့ နောက်ဆုံး(၂)ပွဲဆက် အနိုင်ကစားထားခဲ့ပါတယ်။ အခုရာသီ အိမ်ကွင်းပွဲတွေမှာ မိုချန်ဂလာဘတ်တစ်သင်းတည်းကိုသာ ရှုံးထားတာပါ။ လတ်တလောခြေစွမ်းမှာတော့ လေဗာကူဆင် အနည်းငယ်သာနေတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ ဟော်ဖန်ဟင်မ် ရှုံးဖို့မရှိပါဘူး။

ဖရိုင်းဘတ် နှင့် လိုက်ပ်ဇစ်    (၂၀-၁-၂၀၁၈) စနေနေ့ ည ၉း၀၀ နာရီ

ဘွန်ဒစ်လီဂါတွေ့ဆုံမှု(၃)ကြိမ်မှာ လိုက်ပ်ဇစ်အသင်းက ဂိုးပြတ်တွေချည်း အနိုင်ယူထားခဲ့တယ်။ ဒါပေမဲ့ ဖရိုင်းဘတ်က လတ်တလော တည်ငြိမ်မှုရနေတာ ထည့်တွက်ရမယ်။ ဒီရာသီ အိမ်ကွင်းပွဲတွေမှာလည်း ရှော်လ်ကေးတစ်သင်းတည်းကိုသာ ရှုံးထားပြီး ဟော်ဖန်ဟင်မ်၊ မိုချန်ဂလာဘတ်တို့ကိုတောင် အနိုင်ကစားထားခဲ့ပါတယ်။ အိမ်ရှင်ကိုပဲကြိုက်တယ်။

မိုချန်ဂလာဘတ် နှင့် အော့စ်ဘတ်   (၂၀-၁-၂၀၁၈) စနေနေ့ ည ၉း၀၀ နာရီ

မိုချန်ဂလာဘတ်အသင်း (၅)ပွဲဆက် နိုင်ပွဲပျောက်ထားပါ တယ်။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ ရလဒ်ပိုင်းမဆိုးပါဘူး။ အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ရင် အခုလိုပွဲမျိုးကို အနိုင်ကစားထားမှ တော်ကာကျလိမ့်မယ်။ မိုချန် ရုန်းကန်ရနိုင်ပေမယ့် အနိုင်ကစားပါလိမ့်မယ်။

မိန့်ဇ် နှင့် စတုဂတ်    (၂၀-၁-၂၀၁၈) စနေနေ့ ည ၉း၀၀ နာရီ

မိန့်ဇ်အသင်း နိုင်ပွဲပြန်ရဖို့ အချိန်တန်နေပြီ။ စတုဂတ်က ဒီရာသီအဝေးကွင်း(၉)ပွဲမှာ (၈)ပွဲအထိရှုံးထားပြီး နိုင်ပွဲမရှိပါဘူး။ မိန့်ဇ် အနိမ့်ဆုံးသရေကစားမယ်။

ဝုလ်ဖ်ဘတ် နှင့် ဖရန့်ဖတ်    (၂၀-၁-၂၀၁၈) စနေနေ့ ည ၉း၀၀ နာရီ

ဝုလ်ဖ်ဘတ်က (၄)ပွဲဆက် နိုင်ပွဲပျောက်ထားပြီး Open Play ကနေ (၁)ဂိုးမှ မသွင်းယူနိုင်ခဲ့ဘူး။ တိုက်စစ်မှာလည်း ဂိုးမက်ဇ်ထွက်သွားလို့ အော်ရီဂီ ဂိုးပျောက်နေချိန်မှာ အပြောင်းအလဲ လုပ်ဖို့ခက်ခဲနေပါတယ်။ ဖိအားမရှိတဲ့ ဖရန့်ဖတ်အသင်းက အဝေးကွင်း ရလဒ်တွေကောင်းနေပြီး ဒီရာသီမှာ (၁)ပွဲပဲရှုံးထား ပါတယ်။ သရေကျဖို့များတဲ့ပွဲပါ။

ဟမ်းဘတ် နှင့် ကိုလုံး    (၂၀-၁-၂၀၁၈) စနေနေ့ ည ၁၂း၀၀ နာရီ

ကိုလုံးအသင်းက (၂)ပွဲဆက် အနိုင်ကစားထားပြီး ယုံကြည်မှုပြန်ရနေနိုင်တယ်။ ဟမ်းဘတ်ကွင်းမှာ ကိုလုံး အမှတ်ရသွားရင် အံ့သြစရာမရှိပါဘူး။