ပရီးမီးယားလိဂ်ပွဲစဉ်များအကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်များအကြိုသုံးသပ်ချက်
Published 16 December 2017

အဂွဲရိုး၏ ထိုးဖောက်မှုကို တားဆီးနေသည့် စပါးအသင်းဂိုးသမား လိုရစ် - Photo: AFP

 

■ လက်စတာ နှင့် ပဲလေ့စ် (စနေ ည ရး၀၀ နာရီ)

လက်စတာအသင်းက အခုအချိန်မှာအကောင်းဆုံးပုံစံရ နေတယ်။ မာရက်ဇ်ရဲ့အကောင်းဆုံးပုံစံကို ပြန်မြင်နေရပြီး အန်ဒီ ဒီနဲ့ ဗာဒီ၊ ခံစစ်က မစ်ဂွိုင်းရေးတို့ ခြေစွမ်းပြနေတယ်။ ပဲလေ့စ်က လိုအပ်ချက်တွေ အများကြီးရှိနေတဲ့အသင်းပါ။ လက်စတာကိုပဲ ကြိုက်တယ်။

■ အာဆင်နယ် နှင့် နယူးကာဆယ် (စနေည ၉း၃၀ နာရီ)

အာဆင်နယ်အတွက် နယူးကာဆယ်က ပြိုင်ဘက်အဆင့် မဟုတ်ပါဘူး။ အာဆင်နယ်အသင်းရဲ့ ကစားပုံက ကိုယ်ပိုင်ဟန် မရှိတဲ့အသင်းတွေ၊ အထူးသဖြင့် ခံစစ်အားနည်းတဲ့ အသင်းတွေ ကို လွယ်လွယ်ကူကူအနိုင်ယူနိုင်လေ့ရှိတယ်။ နယူးကာဆယ် တိုက်စစ်ကိုလည်း စိတ်ပူရမှာမဟုတ်ဘူး။ ဂိုးပြတ်သွားနိုင်တယ်။

■ ဘရိုက်တန် နှင့် ဘန်လေ (စနေည ၉း၃၀ နာရီ)

ဘန်လေက အိမ်ကွင်းရလဒ်အရမ်းကောင်းသလို၊ အဝေးကွင်းရလဒ်လည်း မဆိုးဘူး။ အသင်းလိုက်ကစားဟန်ကောင်းပြီး တည်ငြိမ်တယ်။ ပွဲတိုင်းကို ကိုယ်ပိုင်ဟန်နဲ့ ထိန်းကစားနိုင်တယ်။ ဒီပွဲမှာလည်း ဘရိုက်တန်ကွင်းဆိုပေမယ့် ဘန်လေအနည်းဆုံး သရေတစ်မှတ်ယူလိမ့်မယ်။

■ ချယ်လ်ဆီး နှင့် ဆောက်သမ်တန် (စနေည ၉း၃၀ နာရီ)

ဆောက်သမ်တန်ရဲ့ ခြေစွမ်းနဲ့ ရလဒ်က သိသိသာသာတက် လာတယ်။ ဒီပွဲမှာ ဆောက်သမ်တန်ရဲ့ မဟာဗျူဟာက ခံစစ်အ သေပိတ်ပြီး တစ်မှတ်ယူဖို့ပဲ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ချယ်လ်ဆီးအ သင်းရဲ့ တိုက်စစ်ကိုတော့ ထိန်းချုပ်နိုင်ဖို့မလွယ်ပါဘူး။ ချယ်လ်ဆီး အနိုင်သေချာပါတယ်။

■ စတုတ်စီးတီး နှင့် ဝက်စ်ဟမ်း (စနေည ၉း၃၀ နာရီ)

ဝက်စ်ဟမ်းက မန်စီးတီးကိုအကြိတ်အနယ်ကစားခဲ့ပြီး တော့၊ ချယ်လ်ဆီးကိုပါ မထင်မှတ်ဘဲအနိုင်ယူလိုက်တာတွေ့ရတယ်။ အာဆင်နယ်နဲ့ ပွဲမှာလည်း သရေတစ်မှတ်ရယူနိုင်ခဲ့လို့ စတုတ်စီးတီးကို အခက်တွေ့စေမှာ သေချာပါတယ်။ ဝက်စ်ဟမ်း ကို ကြိုက်တယ်။

■ ဝက်ဖို့ဒ် နှင့် ဟတ်ဒါဖီးလ် (စနေည ၉း၃၀ နာရီ)

ဝက်ဖို့ဒ်က ပုံစံကောင်းပြနေရင်းနဲ့ပဲ ရလဒ်တွေကျဆင်းလာ တယ်။ မန်ယူ၊ စပါး၊ ဘန်လေတို့လိုအသင်းကောင်းတွေနဲ့ ဆက် တိုက်ဆုံတွေ့တဲ့အချိန်မှာ ရလဒ်ဆိုးခဲ့တာပြဿနာမရှိပေမယ့် ပဲ လေ့စ်ကိုပါ ဆက်ရှုံးခဲ့တာတော့ဆိုးတယ်။ ဒီပွဲမှာ သူတို့ရပ်တန့်နိုင် သင့်ပြီ။ ဝက်ဖို့ဒ်ကိုပဲ ရွေးသင့်တယ်။

■ မန်စီးတီး နှင့် စပါး (စနေည ၁၂း၀၀ နာရီ)

မန်စီးတီးက ရာသီအစကလို အကောင်းဆုံးပုံစံမျိုး မဟုတ်တော့ဘူးဆိုပေမယ့် ရလဒ်တွေက ကောင်းနေဆဲဖြစ်သလို၊ စံချိန်တင်နိုင်ပွဲဆက်မှတ်တမ်းကို ပိုင်ဆိုင်ထားပြီ။ နောက်တစ်ချက်က ပွဲကျပ်ကာလတွေဖြစ်နေလို့ ဂိုးတွေအများကြီးသွင်းဖို့ထက် နိုင်ပွဲသေချာဖို့ကို ပိုပြီး ဦးစားပေးလာတာလည်းဖြစ်နိုင်တယ်။ မန်ချက်စတာဒါဘီမှာကစားသွားတဲ့ ခြေစွမ်းအရဆိုရင် မန်စီးတီး ကို အင်္ဂလန်မှာ တားဆီးနိုင်ဖို့ မလွယ်ဘူး။ ဒီရာသီပရီးမီးယားလိဂ်မှာ ချယ်လ်ဆီးနဲ့ မန်ယူကို အဝေးကွင်းမှာ နိုင်ပြီး အာဆင် နယ်နဲ့ လီဗာပူးလ်တို့ကို အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ခဲ့တယ်။ ဒါကြောင့် အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုတွေမှာတောင် မန်စီးတီးရဲ့ ခွန်အားကို ရပ်တန့်ဖို့ ခက်နေတာတွေ့ရတယ်။ စပါးက ခံစစ်ပိုင်းမှာသာ လူစုံရင် မန်စီးတီးတိုက်စစ်ကို အခက်တွေ့ စေနိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ အယ်လ်ဒါဝီရယ်လ်မကစားနိုင်ချိန်ကတည်းက ခံစစ်တည်ဆောက်ပုံ ပျက်သွားပြီး၊ နောက်ပိုင်းပွဲ တွေမှာလည်း ဂိုးတွေဆက်တိုက်ပေးနေရတယ်။ ဒါဗင်ဆန်ဆန်းချက်ဇ်လည်း မပါနိုင်သေးတဲ့အတွက် အားနည်းချက်တွေရှိ လိမ့်မယ်။ ဒါပေမဲ့ ဆွန်ဟောင်မင်၊ အယ်လီ၊ အဲရစ်ဆင်၊ ဟာရီကိန်းတို့ကိုလည်း မန်စီးတီး ခက်ခက်ခဲခဲထိန်းချုပ်ရမှာပါ။ နောက် ပိုင်းပွဲတွေမှာ မြင်နေကျဖြစ်တဲ့ (၂-၁)လောက်နဲ့ပဲ မန်စီးတီးနိုင်သွားဦးမယ်ထင်တယ်။