ဟတ်ဒါဖီးလ်နှင့်ပွဲကိုပါ အိုဇေးလ် လွဲချော်ဖွယ်ရှိနေ

ဟတ်ဒါဖီးလ်နှင့်ပွဲကိုပါ အိုဇေးလ် လွဲချော်ဖွယ်ရှိနေ
Published 27 November 2017

Photo:Gettyimages

အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်သည် ဖျားနာသည့်ဝေဒနာကြောင့် လာမည့်ဗုဒ္ဓဟူးနေ့တွင် ဟတ်ဒါဖီးလ်နှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။

ဘာစီလိုနာသို့ပြောင်းရွှေ့တော့မည်ဟု သတင်းထွက်နေသည့် အိုဇေးလ်မှာ ပြီးခဲ့သည့်စနေနေ့က အသင်းနှင့် ပုံမှန်လေ့ကျင့်ခန်းဆင်းခဲ့ပြီး ယင်းနေ့ညတွင် အသင်းဖော်များနှင့်အတူ အသင်းတည်းခိုရာဟိုတယ်တွင် ရှိနေခဲ့သော်လည်း ပွဲကစားမည့် နာရီပိုင်းအလိုတွင် နေအိမ်သို့ ပြန်သွားခဲ့ခြင်းဖြစ်သည်။

'' သူ ဘာကြောင့် နေမကောင်းဖြစ်သလဲဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော် သူ့ကိုလည်း မတွေ့လိုက်ပါဘူး။ ဆရာဝန်က သူပြန်သွားပြီဆိုတာကို လာပြောခဲ့တာပါ။
သေချာတာကတော့ သူ ဗုဒ္ဓဟူးနေ့ပွဲအမီ ပြန်ကောင်းဖို့ခက်ပါတယ'' ဟု အာစင်ဝင်းဂါးက ဘန်လေနှင့်ပွဲအပြီးတွင် ပြောကြားခဲ့

Most Read

Most Recent