ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဂရစ်ဇ်မန်း အသင်းမှထွက်ခွာဖွယ်မရှိ

ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဂရစ်ဇ်မန်း အသင်းမှထွက်ခွာဖွယ်မရှိ
Published 22 November 2017

Photo: Mirror

အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းက လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာဖွယ်မရှိကြောင်း ပြင်သစ်ရုပ်သံတစ်ခုနှင့် အင်တာဗျူးအစီအစဉ်တွင် အရိပ်အမြွက်ပြောကြားခဲ့သည်။

"ဇန်နဝါရီမှာ ဒီယေဂိုကော်စတာနဲ့ ဗီတိုလိုတို့ အသင်းနဲ့ပူးပေါင်းပါလိမ့်မယ်။ ဒီအင်အားနဲ့ အသင်းကို အမြင့်ဆုံးအဆင့်ရောက်အောင် ကြိုးပမ်းသွားမှာပါ။ ကျွန်တော် အသင်းပြောင်းရွှေ့လိုတယ်လို့ ဥက္ကဋ္ဌကို မပြောခဲ့ပါဘူး"ဟု ဂရစ်ဇ်မန်းက ပြောကြားခဲ့သည်။

၎င်းသည် လက်ရှိတွင် အက်သလက်တီကိုကစားသမားဘ၀ အဆိုးရွားဆုံးဂိုး ပေါက်ပျောက်ဆုံးမှုအဖြစ် ပြိုင်ပွဲစုံနောက်ဆုံးရှစ်ပွဲဆက် ဂိုးမသွင်းနိုင်ဘဲဖြစ်ခဲ့ပြီး ဖိအားများနှင့် ရင်ဆိုင်နေရလျက်ရှိသည်။