စပါးတစ်သင်းတည်း၌သာကစားရန် ဆန္ဒရှိဟု ဟာရီကိန်း ပြောကြား

စပါးတစ်သင်းတည်း၌သာကစားရန် ဆန္ဒရှိဟု ဟာရီကိန်း ပြောကြား
Published 22 November 2017

Photo: Telegraph

စပါးအသင်း၏ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူး ဟာရီကိန်းက ကစားသမားဘဝတစ်လျှောက်လုံး စပါးအသင်း၌သာ ကစားသွားရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားသည်။

ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို နှစ်ရာသီဆက်တိုက် ဆွတ်ခူးရရှိထားပြီး ယခုရာသီ ပြိုင်ပွဲစုံတွင် ၁၄ ပွဲကစား ၁၃ ဂိုးသွင်းယူထားသည့် ဟာရီကိန်းအား ရီးယဲလ်အသင်းက ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

သို့သော် ဂျာမနီအခြေစိုက် Bild အားကစားသတင်းစာနှင့် တွေ့ဆုံစဉ် ၎င်းက "ကျွန်တော့်ရဲ့ ရည်မှန်းချက်က ကစားသမားဘဝတစ်လျှောက်လုံး တော့တင်ဟမ်မှာပဲ ကစားခွင့်ရဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ အံ့အားသင့်ဖွယ် လူစာရင်း၊ ထိပ်တန်းနည်းပြနဲ့ ပရော်ဖက်ရှင်နယ်လေ့ကျင့်ရေးစင်တာလည်း ပိုင်ဆိုင်ထားပါတယ်။ အရာအားလုံးက ကျွန်တော်နဲ့ အံဝင်ခွင်ကျဖြစ်နေပါတယ်"ဟု ပြောကြားသည်။