စပိန်လာလီဂါ ပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါ ပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်
Published 23 October 2017

Photo:Wikipedia

ဆိုစီဒက် - အက်စ်ပန်ညို ( မြန်မာစံတော်ချိန် ၂၄-၁၀-၂၀၁၇ နံနက် ၀၀း၃၀)
အဝေးကွင်းမှာ အက်စ်ပန်ညိုကို သိပ်မယုံရတဲ့အပြင် တိုက် စစ်က ဂိုးသွင်းနှုန်းပုံမှန်မရှိပုံနဲ့တော့ နိုင်ပွဲတွေပြန်ရှာနေတဲ့ ဆိုစီ ဒက်ကို ကျော်ဖြတ်နိုင်ဖို့ ခက်ခဲလွန်းနေပါတယ်။ အိမ်ကွင်းနိုင်ပွဲ ပြန်ရှာပြီး ရလဒ်ပိုင်းတည်ငြိမ်အောင်ပြန်ကြိုးစားရမယ့် ဆိုစီ ဒက်တိုက်စစ်ပိုင်းကိုလည်း အက်စ်ပန်ညို ထိန်းဖို့ခက်ပါလိမ့် မယ်။ အိမ်ရှင်နဲ့ ဂိုးအများပဲကြိုက်တယ်။

ဒီပို့တီဗို - ဟီရိုနာ ( မြန်မာစံတော်ချိန် ၂၄-၁၀-၂၀၁၇ နံနက် ၁း၃၀)
အခုနောက်ပိုင်းပွဲတွေမှာ ဒီပို့တီဗို ခံစစ်ကို ပိုဂရုစိုက်ကစား လာသလို၊ အိမ်ကွင်းမှာဆိုလည်း အမှားနည်းအောင်ကစားတတ် တဲ့အသင်းမျိုးဖြစ်နေလို့ အဝေးကွင်းကစားပုံ အားနည်းနေသေး တဲ့ တန်းတက်အသင်းလေးအတွက် ဒီပို့ကွင်းမှာ မျှော်လင့်စရာ သိပ်မရှိလှပါဘူး။ အိမ်ကွင်းလည်းဖြစ်၊ နိုင်ပွဲရအောင်ယူမယ့် ဒီပို့ တီဗိုနဲ့ ဂိုးအနည်းပဲကြိုက်တယ်။