ဟာရီကိန်းခြေစွမ်းပြမှုနဲ့အတူ လီဗာပူးလ်ကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ စပါး

ဟာရီကိန်းခြေစွမ်းပြမှုနဲ့အတူ လီဗာပူးလ်ကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ စပါး
Published 23 October 2017

ပရီးမီးယားလိဂ်ပွဲစဉ်(၉)ရဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့ စပါးနဲ့လီဗာပူးလ်အသင်းတို့
ရဲ့ပွဲမှာတော့ စပါးအသင်းက တိုက်စစ်မှူးဟာရီကိန်းရဲ့ ခြေစွမ်းပြသွင်းဂိုးတွေနဲ့အတူ
လီဗာပူးလ်အသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ စပါးအသင်းရဲ့ နိုင်ပွဲမှာ ဟာရီ
ကိန်းရဲ့ သွင်းဂိုးတွေကြောင်းလည်း ပါသလို လီဗာပူးလ်အသင်း ခံစစ်နဲ့ ဂိုးသမား
အမှားတွေကြောင့်လည်း အခုလို ဂိုးပြတ်ခဲ့ရတာပါ။

စပါးအသင်းအတွက် အဖွင့်ဂိုးကို ပွဲအစ(၄)မိနစ်မှာပဲ ဟာရီကိန်းက သွင်းယူခဲ့ပြီး
လီဗာပူးလ်ဂိုးသမား မစ်ဂနိုလက် မလိုအပ်ဘဲ ရှေ့ကိုထွက်ပြီးတားဆီးခဲ့တဲ့အတွက်
ဂိုးပေးလိုက်ရတာလည်းဖြစ်ပါတယ်။ (၁၂)မိနစ်မှာ စပါးအသင်း ဒုတိယဂိုး ထပ်မံ
ရရှိခဲ့ပြီး လီဗာပူးလ်နောက်ခံလူ လိုဗရန်ရဲ့ အမှားကနေ ဟာရီကိန်းဆွဲပြေးပြီး ဂိုးရှေ့
ပေးပို့ခဲ့တာကို ဆွန်ဟောင်မင်က အလိုက်သင့် ကန်သွင်းခဲ့တာပါ။ (၂၄)မိနစ်မှာ
ဆာလာက လီဗာပူးလ်အတွက် ဂိုးပြန်သွင်းခဲ့ပေမယ့် (၄၈)မိနစ်မှာ လီဗာပူးလ်နောက်
ခံလူ မာတစ်ရဲ့ ဖြတ်ထုတ်ပုံ မသပ်ရပ်မှုကနေ အယ်လီက တတိယမြောက်ဂိုးသွင်းယူ
ခဲ့တယ်။

စပါးအသင်းအတွက် စတုတ္ထမြောက်ဂိုးကိုတော့ (၅၆)မိနစ်မှာ ဟာရီကိန်းက ဂိုးရှေ့မှာ
ရှုပ်ယှက်ခတ်နေတဲ့အနေအထားကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ
လီဗာပူးလ်အသင်း ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့်လည်း စပါးဂိုးသမား လိုရစ် အစွမ်းပြ
ကာကွယ်သွားတာကြောင့် ဂိုးထပ်မံမရတော့ဘဲ (၄-၁)ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။