စီးရီးအေပွဲစဉ်များ အကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ်များ အကြိုသုံးသပ်ချက်
Published 21 October 2017

အင်တာမီလန်အသင်းဘက်သို့ ထိုးဖောက်နေသည့် နာပိုလီအသင်းတောင်ပံကစားသမား ကယ်လီဟွန်
Photo: AFP

ဆမ်ဒိုးရီးယား နှင့် ခရိုတိုနီ (စနေည ၁၀း၃၀ နာရီ)

တိုရီနိုကို အသာစီးယူသရေတစ်မှတ်ယူနိုင်ခဲ့ပေမယ့် ခရို တိုနီရဲ့ အဝေးကွင်းကစားဟန်က စိတ်ဝင်စားစရာမရှိပါဘူး။ ဆမ် ဒိုးရီးယားလို အိမ်ကွင်း (၃)ပွဲဆက်အနိုင်ရထားပြီး တစ်ပွဲပျမ်း မျှ (၂ .၃)ဂိုးအထိ သွင်းထားနိုင်တဲ့အသင်းကို ဘယ်လိုတားဆီး မလဲ။ ဆမ်ဒိုးရီးယား အနိုင်သေချာပြီး (၂)ဂိုးပြတ်၊ မပြတ်ပဲ စောင့် ကြည့်ရမယ်။

နာပိုလီ နှင့် အင်တာမီလန် (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)

နာပိုလီအတွက် မန်စီးတီးနဲ့ပွဲအပြီး နောက်ထပ်စိန်ခေါ်မှုတစ်ခုပါပဲ။ အင်တာမီလန်ရဲ့ ပါရီဆစ်၊ ကန်ဒရီဗာ၊ အီကာဒီတို့နဲ့ သုံးပွင့်ဆိုင်တိုက်စစ်အတွဲဟာ ပေါက်ကွဲအားပြင်းထန်နေတယ်။ စီးရီးအေပွဲစဉ် (၈)အပြီးမှာ အီကာဒီနဲ့ ပါရီဆစ်တို့နှစ်ဦးပေါင်း (၁၃)ဂိုးသွင်းယူထားနိုင်တယ်။ ပါရီဆစ်က ဂိုးဖန်တီးမှု (၄)ကြိမ်၊ ကန်ဒရီဗာက ဂိုးဖန်တီးမှု (၃)ကြိမ် ပြုလုပ်ထားနိုင်တယ်။ ဒီပွဲမှာ လည်း နာပိုလီရဲ့ခံစစ်အစွန်တွေဟာ သူတို့နှစ်ဦးကို ထိန်းချုပ်ရခက်ဦးမယ်။ ဒီလိုပဲ နာပိုလီရဲ့ Trio Attack မာတင်စ်၊ ကယ်လီဟွန်၊ အင်ဆစ်ဂ်နီတို့ကို အင်တာမီလန်ခံစစ်ထိန်းချုပ်ဖို့ မလွယ်ပါဘူး။ အထူးသဖြင့် နာဂါတိုမိုဘက်ခြမ်းပဲ။ နာဂါတိုမိုဟာ အတွေ့အကြုံ ရင့်ကစားသမားတစ်ဦးဆိုပေမယ့် လျင်မြန်မှုအသားပေးတစ်ဦးချင်း ထူးချွန်သူတွေနဲ့ ရင်ဆိုင်ရရင် ဖိအားများတတ်ပါတယ်။ ဒီတော့ အိမ်ကွင်း နောက်ဆုံး (၆)ပွဲမှာ အနည်းဆုံး (၃)ဂိုးအထိသွင်းယူထားနိုင်တဲ့ နာပိုလီတိုက်စစ် ဂိုးရဦးမယ်။ ဒီလိုပဲ အင်တာမီလန်လည်း ဂိုးရဖို့များနေလို့ အပြန်အလှန်ဂိုးတွေ မြင်ရနိုင်တယ်။ နာပိုလီအနိုင်ရဖို့များပြီး အင်တာမီလန် တစ်မှတ်ထက် ပိုမရနိုင်ပါဘူး။