ဘွန်ဒစ်လီဂါပွဲစဉ်များ အကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ်များ အကြိုသုံးသပ်ချက်
Published 21 October 2017

 

လိုက်ပ်ဇစ် နှင့် စတုဂတ် (စနေည ၈း၀၀ နာရီ)

ဘိုင်ယန်၊ ဒေါ့မွန်တို့ အဝေးကွင်းပွဲကျပ်ကစားရဖို့ ရာခိုင် နှုန်းများနေချိန်မှာ အိမ်ကွင်းလက်ခံကစားရမယ့် လိုက်ပ်ဇစ်အ တွက် အခွင့်အရေးပါပဲ။ ဒေါ့မွန်ကို အဝေးကွင်းမှာ အနိုင်ရတဲ့ပွဲ အပါအဝင် ဘွန်ဒစ်လီဂါမှာ လိုက်ပ်ဇစ် နိုင်ပွဲဆက်နေလို့ ယုံ ကြည်မှု မြင့်မားနေနိုင်တယ်။ စတုဂတ်ရဲ့ခြေစွမ်းက လိုက်ပ်ဇစ် ကို မယှဉ်နိုင်ပါဘူး။ လိုက်ပ်ဇစ် ဂိုးပြတ်၊ မပြတ်ပဲကြည့်ရမယ်။

မိုချန်ဂလာဘတ် နှင့် လေဗာကူဆင် (စနေည ၈း၀၀ နာရီ)

နှစ်သင်းစလုံးရဲ့ လက်ရှိစွမ်းဆောင်ရည်တွေက သိပ်ကွာ ဟချက်မရှိပါဘူး။ လေဗာကူဆင်က ဒီရာသီ အဝေးကွင်းနိုင်ပွဲ မရှိသေးသလို၊ ပုံမှန်အားဖြင့်လည်း အဝေးကွင်းရလဒ်ပိုင်း အား နည်းတတ်တဲ့အသင်းပါ။ မိုချန်ဂလာဘတ်အသင်းက ခြေရည် တူအသင်းတွေနဲ့တွေ့ရင် အမှားအယွင်းနည်းပါတယ်။ လေဗာ ကူဆင် အမြင့်ဆုံးသရေပဲရလိမ့်မယ်။

ဖရန့်ဖတ် နှင့် ဒေါ့မွန် (စနေည ၈း၀၀ နာရီ)

ဒေါ့မွန်အသင်းကတော့ နိုင်ငံတကာရက်သတ္တပတ်အပြီး အနည်းငယ်ကြွေပျက်သွားတယ်။ လက်ရှိပုံစံမျိုးနဲ့ ပြီးခဲ့တဲ့(၃) ရာသီဆက်တိုက် ရှုံးပွဲတွေ့ထားခဲ့တဲ့ ဖရန့်ဖတ်ကွင်းမှာ သွား ရောက်ကစားရမှာဖြစ်လို့ မလွယ်လောက်ဘူး။ ဒေါ့မွန်အသင်း ခံစစ်ကြောင်းကလည်း ပြိုင်ပွဲစုံ(၅)ပွဲဆက် ဂိုးပေးထားရတာ သတိပြုသင့်တယ်။
ဘိုင်ယန်ရဲ့ဖိအားပေးမှုကြောင့် ဒေါ့မွန် နိုင်ပွဲ လိုနေပေမယ့် ဖရန့်ဖတ်ကိုပဲ ရွေးထားတာပိုကောင်းမယ်။

အော့စ်ဘတ် နှင့် ဟန်နိုဗာ (စနေည ၈း၀၀ နာရီ)

အော့စ်ဘတ်အသင်း (၃)ပွဲဆက်နိုင်ပွဲပျောက်ခဲ့ရပေမယ့် ပွဲကျပ်တွေကစားခဲ့ရတာ ထည့်တွက်ရမယ်။ ဒီတစ်ပွဲမှာ အော့စ် ဘတ်
ပြန်လာလိမ့်မယ်။

ဟမ်းဘတ် နှင့် ဘိုင်ယန်မြူးနစ် (စနေည ၁၁း၀၀ နာရီ)

ဘိုင်ယန်အသင်းက ဝါရင့်နည်းပြ ဂျက်ဟေးနက်စ်ရဲ့တစ်ကျော့ပြန်ကိုင်တွယ်မှု ပွဲဦးထွက်မှာ ဖရိုင်းဘတ်အသင်းကို ဂိုး ပြတ်သွင်းပြီး အဖွင့်ကောင်းသွားတယ်။ ဂျက်ဟေးနက်စ်က သူအားသန်တဲ့ ၄-၂-၃-၁နဲ့ပဲ အသင်းကို ပြန်တည်ဆောက် တယ်။ ရီးယဲလ်ကိုပြန်မယ်လို့ အသံထွက်ခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ခေါက်ထားပြီး ကိုးမန်းကို နေရာပေးခဲ့တယ်။ ဂျက်ဟေးနက်စ် အတွက် ကံကောင်းတာက သူ စတင်တာဝန်ယူချိန်မှာ အန်ဆယ်လော့တီကို ဒုက္ခပေးခဲ့တဲ့ ခံစစ်ပိုင်းဒဏ်ရာပြဿနာ နည်းပါး သွားတာပါပဲ။ ဒါပေမဲ့ ဖရိုင်းဘတ်နဲ့ပွဲမှာ ဟာဗီမာတီနက်ဇ် ဒဏ်ရာပြန်ရသွားတယ်။ ယခင်ဒဏ်ရာစာရင်းမှာ နူအာ၊ ဘားနတ်တို့ ရှိနေသေးတယ်။ ဟမ်းဘတ်အသင်းက (၆)ပွဲဆက် နိုင်ပွဲပျောက်ထားတယ်။ နောက်ဆုံးကစားတဲ့ မိန့်ဇ်နဲ့ပွဲမှာတော့ ဟမ်းဘတ် (၅)ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်ထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့(၂)ပွဲမှာ ဟမ်းဘတ် ကစားပုံတက်လာတာ သတိ ပြုရမယ်။ ဟမ်းဘတ် အိမ်ကွင်းမှာ (၃)ဂိုးပြတ်လောက်တော့ မရှုံးနိုင်ဘူး။

Most Read

Most Recent