မနက်ဖြန်နံနက် ယှဉ်ပြိုင်ကစားမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

မနက်ဖြန်နံနက် ယှဉ်ပြိုင်ကစားမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 20 October 2017

■ ဝက်စ်ဟမ်း နှင့် ဘရိုက်တန် (၂၁-၁၀-၂၀၁၇ နံနက် ၁း၃၀ နာရီ)
ဝက်စ်ဟမ်းက ဘန်လေကွင်းမှာ ဦးဆောင်ဂိုးရပြီးမှ တစ်ယောက်အထုတ်ခံရပြီး သရေကျခဲ့တယ်။ ဘရိုက်တန်ကတော့ အိမ်ကွင်းရလဒ်တော်တော်လေး အားရစရာကောင်းသလောက် အဝေးကွင်းဆိုရင် အဆိပ်မရှိပါဘူး။ ဝက်စ်ဟမ်း (၃)မှတ်ယူမယ့်ပွဲပါ။

■ ရှော်လ်ကေး နှင့် မိန့်ဇ် (၂၁-၁၀-၂၀၁၇ နံနက် ၁း၀၀ နာရီ)
ရှော်လ်ကေးအသင်း ပွဲကျပ်ကာလတစ်ခုကို ဖြတ်သန်းနေရလို့ ရလဒ်ပိုင်း ယိုင်သွားတာပါ။ အိမ်ကွင်းနောက်ဆုံး(၁၁)ပွဲမှာ ဘိုင်ယန်တစ်သင်းကိုပဲ ရှော်လ်ကေး အရေးနိမ့်ခဲ့တာ တွေ့ရတယ်။ မိန့်ဇ်ကတော့ လတ်တလောရလဒ်တွေ ပြန်ကောင်းလာတယ်။ ဒါပေမဲ့ မိန့်ဇ်ရဲ့အဝေးကွင်းစွမ်းဆောင်ရည် အတော်လေး ညံ့ပါတယ်။ ရှော်လ်ကေးပဲ နိုင်ဖို့များတယ်။

■ စိန့်အက်တီယန်နှင့် မောင့်ပယ်လီယာ (၂၁-၁၀-၂၀၁၇ နံနက် ၁း၁၅ နာရီ)
PSG ၊ မိုနာကိုတို့ကို သရေ၊ နိုက်စ်ကို အနိုင်ကစားခဲ့လို့ မောင့်ပယ်လီယာ ယုံကြည်စိတ်ပြင်းထန်နေနိုင်တယ်။ ဒါပေမဲ့ စိန့်အက်တီယန် အိမ်ကွင်းမှာ သရေထက်ပိုမရဘူး။