ဘွန်ဒစ်လီဂါပွဲစဉ်(၈) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ်(၈) ပွဲကြိုသုံးသပ်ချက်
Published 14 October 2017

ဘိုင်ယန်မြူးနစ် - ဖရိုင်းဘတ် ( မြန်မာစံတော်ချိန် ၁၄-၁၀-၂၀၁၇ ည ၈း၀၀)
ဘိုင်ယန်မြူးနစ်အသင်းက အသစ်ခန့်အပ်ထားတဲ့ တစ် ကျော့ပြန်နည်းပြ ဂျက်ဟေးနက်စ်ရဲ့ ပွဲဦးထွက်ပါပဲ။ ဒါ့အပြင် ဘိုင်ယန်အနေနဲ့ ဘွန်ဒစ်လီဂါမှာ (၂)ပွဲဆက် နိုင်ပွဲပျောက်ထား မှုကို အဆုံးသတ်ဖို့လိုနေတယ်။ ဖရိုင်းဘတ်အသင်းက အဝေး ကွင်းရလဒ်ဆိုးတွေကို မပြင်ဆင်နိုင်သေးဘူး။ လိုက်ပ်ဇစ်၊ လေ ဗာကူဆင်အသင်းတွေကိုလည်း ဒီရာသီမှာ ဂိုးပြတ်အရှုံးပေးခဲ့ရ တယ်။ ဘိုင်ယန် အနိမ့်ဆုံး(၃)ဂိုးလောက် ပြတ်နိုင်တယ်။

ဟော်ဖန်ဟင်မ် - အော့စ်ဘတ် ( မြန်မာစံတော်ချိန် ၁၄-၁၀-၂၀၁၇ ည ၈း၀၀)
ဟော်ဖန်ဟင်မ်က ထင်မှတ်မထားတဲ့ပွဲမှာ ပထမဆုံးရှုံးပွဲ နဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမဲ့ ဟော်ဖန်ဟင်မ်ရဲ့အိမ်ကွင်းမှတ်တမ်းက ဘွန်ဒစ်လီဂါပြိုင်ဘက်အသင်းတိုင်း အဖို့ စိုးရွံ့စရာဖြစ် နေတယ်။ အော့စ်ဘတ်ကလည်း အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးရာသီအဖွင့်ရလဒ်ပိုင်းကို ပိုင်ဆိုင်ထားတဲ့အသင်း ပါ။ ဒီတစ်ပွဲတော့ ဟော်ဖန်ဟင်မ်ပဲ နိုင်ဖို့များတယ်။

ဟာသာဘာလင် - ရှော်လ်ကေး ( မြန်မာစံတော်ချိန် ၁၄-၁၀-၂၀၁၇ ည ၈း၀၀)
ဟာသာဘာလင်အသင်းက ရာသီအဖွင့်ပိုင်းဆိုရင် အိမ် ကွင်းမှတ်တမ်းကောင်းတွေရှိတယ်။ ဒီရာသီ အိမ်ကွင်း(၄)ပွဲမှာ ရှုံးပွဲမရှိသေးဘဲ နောက်ဆုံးပွဲမှာလည်း ဘိုင်ယန်မြူးနစ်ကို သရေ ကစားနိုင်ခဲ့တယ်။ ရှော်လ်ကေးက အမှတ်ပေး(၃)ပွဲဆက် နိုင်ပွဲ ပျောက်ထားသလို၊ အဝေးကွင်းအားနည်းချက်ကြီးမားတဲ့ အသင်းပါ။ ဟာသာဘာလင် အနိမ့်ဆုံးသရေကစားမယ်။

မိန့်ဇ် - ဟမ်းဘတ် ( မြန်မာစံတော်ချိန် ၁၄-၁၀-၂၀၁၇ ည ၈း၀၀)
မိန့်ဇ်အသင်း ရာသီအဖွင့် ရလဒ်ဆိုးတွေကနေ တဖြည်း ဖြည်းရုန်းထွက်လာနေတယ်။ ကစားသမားစုဖွဲ့မှုတောင့်တင်းလို့ လိုသလိုဆွဲတင်နိုင်မယ့် အနေအထားရှိပါတယ်။ ဟမ်းဘတ်က တော့ နောက်ဆုံးကစားတဲ့ပွဲမှာ ရှုံးပွဲဆက်မှု ရပ်တန့်နိုင်ခဲ့ပေမယ့် အသင်းတိုက်စစ်က ဂိုးပေါက်ပျောက်နေတာ (၅)ပွဲရှိသွားပါပြီ။ မိန့်ဇ် အနိုင်ကစားသွားဖို့များတယ်။

ဟန်နိုဗာ - ဖရန့်ဖတ် ( မြန်မာစံတော်ချိန် ၁၄-၁၀-၂၀၁၇ ည ၈း၀၀)
ဟန်နိုဗာအသင်း ရှုံးပွဲစတွေ့ခဲ့ပေမယ့် အိမ်ကွင်းမှာတော့ ပြန်အဖတ်ဆယ်နိုင်ဖို့ ကြိုးစားလိမ့်မယ်။ ဟန်နိုဗာ အမှတ်သေ ချာပေါက်ရမှာပါ။

ဒေါ့မွန် - လိုက်ပ်ဇစ် ( မြန်မာစံတော်ချိန် ၁၄-၁၀-၂၀၁၇ ည ၁၁း၀၀)
ပြီးခဲ့တဲ့ရာသီတွေ့ဆုံမှုမှာတော့ သူ့ကွင်းကိုယ့်ကွင်း အပြန်အလှန်အနိုင်ရထားခဲ့တယ်။ လတ်တလောအနေအထားမှာ ဒေါ့မွန်အသင်းက ကစားသမားပိုင်း ပိုတည်ငြိမ်နေတယ်။ ရှေ့(၃)ယောက်တန်းမှာ
ပူလီရှစ်-အူဘာမီယန်း-ယာမိုလန်ကိုတို့ကို အသုံးများပေမယ့် နိုင်ငံတကာပွဲတွေကြောင့် (၁)ဦးကို အနားပေးခဲ့ရင်တော့ ဖီးလစ်ကို ထည့်သွင်းကစားနိုင်တယ်။ ကွင်း လယ်မှာ ဒါဟွတ်မကစားနိုင်ရင် ကက်စထရို အသင့်ရှိနေလို့ ပြဿနာမရှိပါဘူး။ လိုက်ပ်ဇစ်အသင်းမှာတော့ အားထားရတဲ့တိုက် စစ်မှူး ဝါနာလေ့ကျင့်ခန်းပြန်ဆင်းနေပြီး ဒေါ့မွန်နဲ့ပွဲမှာ ပွဲထွက်လာဖို့များပါတယ်။ ဒေါ့မွန်က လက်ရှိရာသီမှာ အိမ်ကွင်း(၃)ပွဲ ကစားထားပြီး (၃)ပွဲစလုံး ဂိုးပြတ်အနိုင်ရခဲ့တယ်။ လိုက်ပ်ဇစ်ရဲ့ဒီရာသီ အဝေးကွင်းရလဒ်ပိုင်းက (၂)ပွဲနိုင်၊ (၂)ပွဲရှုံးထားပြီး သိပ် မဆိုးရွားလှပေမယ့့်ပြိုင်ဘက်အသင်းတွေက ဇယားထိပ်ပိုင်းစာရင်းဝင်တွေမဟုတ်တာ ထည့်တွက်သင့်တယ်။ ဒေါ့မွန် အနိုင်သေ ချာပြီး ဂိုးပြတ်၊ မပြတ်ပဲကြည့်ရလိမ့်မယ်။

Most Read

Most Recent