လာလီဂါပွဲစဉ်(၈) ပွဲကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ်(၈) ပွဲကြိုသုံးသပ်ချက်
Published 14 October 2017

ဘီလ်ဘာအို - ဆီဗီလာ ( မြန်မာစဲတော်ချိန် ၁၄-၁၀-၂၀၁၇ ညနေ ၅း၃၀)

နှစ်သင်းစလုံး ဖြည်းဖြည်းမှန်မှန်သွားနေကြပေမယ့် ဘီလ် ဘာအိုထက် ဆီဗီလာက ပိုငြိမ်သလိုပါပဲ။ အိမ်ကွင်းပွဲတွေမှာ တော့ ဘီလ်ဘာအို အားထည့်ကစားလေ့ရှိပါတယ်။ ဒါကြောင့် ဒီပွဲမှာတော့ အိမ်ရှင်ပဲ ဦးစားပေးရမယ်။ ဂိုးနည်းမယ်။

ဂီတာဖေး - ရီးယဲလ်မက်ဒရစ် ( မြန်မာစဲတော်ချိန် ၁၄-၁၀-၂၀၁၇ ည ၈း၄၅)

မက်ဒရစ်မြို့ခံ (၂)သင်း ထိပ်တိုက်တွေ့တဲ့ပွဲဆိုပေမယ့် ဒီနှစ်သင်းဆုံတိုင်း တစ်ဖက်သတ်ဆန်လွန်းလေ့ရှိတယ်။ ရီးယဲလ် ရဲ့လက်ရှိခြေစွမ်းအရလည်း အိမ်ကွင်းထက် အဝေးကွင်းမှာ ပိုငြိမ်နေသလိုတွေ့ရပြီး ဒီရာသီ အဝေးကွင်းပွဲတိုင်းကို အနိုင်ရထား တယ်။ ဂီတာဖေးကတော့ ဒီရာသီမှ လာလီဂါကိုပြန်ရောက်လာတာဖြစ်ပြီး ရာသီအစပွဲတွေမှာ အတတ်နိုင်ဆုံး ကြိုးစားကစားနေ တာတွေ့ရတယ်။ ဒါပေမဲ့ ခြေမှန်နေပြီလို့တော့ မပြောနိုင်သေးဘူး။ ဂီတာဖေးနဲ့ အသင်းကြီးတွေ တွေ့ဆုံရင်တော့ ခြေစွမ်းကွာဟ မှုတွေရှိနေတုန်းပါပဲ။ အခုလည်း ရီးယဲလ်နဲ့တွေ့ဆုံမှုမှာ ဂီတာဖေးတို့ အတတ်နိုင်ဆုံးထိန်းကစားဖို့ကြိုးစားမှာပါ။ ဒါပေမဲ့ ဂီတာ ဖေးရဲ့ ခံစစ်ပိုင်းအားနည်းမှုတွေကြောင့် ရီးယဲလ်တိုက်စစ်ကိုထိန်းနိုင်ဖို့က မဖြစ်နိုင်သလောက်ပါပဲ။ ရီးယဲလ်နဲ့ အိမ်ကွင်းတွေ့ ဆုံတဲ့အစဉ်အလာတွေအရလည်း အမြဲလိုလို ဂိုးပြတ်အရေးနိမ့်ထားတာကိုတွေ့ရလို့ ဒီပွဲလည်း ဂီတာဖေးတို့ ဂိုးပြတ်မရှုံးခဲ့ရင် တောင်ကျေနပ်စရာလို့ပြောရမယ်။ ရီးယဲလ်ကလည်း အက်သလက်တီကိုနဲ့ ဘာစီလိုနာထိပ်တိုက်တွေ့ချိန်မှာ အမှားအယွင်း ခံဖို့မရှိပါဘူး။ ရီးယဲလ်မက်ဒရစ်နဲ့ ဂိုးအများပဲဦးစားပေးရမယ့်ပွဲလို့ထင်တယ်။

အလာဗတ်စ် - ဆိုစီဒက် ( မြန်မာစဲတော်ချိန် ၁၄-၁၀-၂၀၁၇ ည ၁၁း၀၀)

နည်းပြသစ် ဒီဘီယာဆီလက်ထဲမှာ အလာဗတ်စ်ပြောင်း လဲလာမှုက သိသာပါတယ်။ ကစားပုံရော ဂိုးသွင်းနှုန်းပါပြန်တက် လာနေတယ်။ ဆိုစီဒက်ကတော့ (၄)ပွဲဆက်နိုင်ပွဲပျောက်သွား ပြီးခံစစ်ပိုင်းအားနည်းမှုကလည်း သိသာလွန်းနေတယ်။ အလာဗတ်စ်ကွင်းမှာလည်း ဆိုစီဒက်ကိုယုံစားလို့မရဘူး။ အလာဗတ်စ် နဲ့ ဂိုးအနည်းပဲရွေးထားချင်တယ်။

အက်သလက်တီကို - ဘာစီလိုနာ ( မြန်မာစဲတော်ချိန် ၁၅-၁၀-၂၀၁၇ နံနက် ၁း၁၅)

ဘာစီလိုနာအတွက် အဖက်ဖက်မှာ ဖိအားတွေရှိနေနိုင်တဲ့ ပွဲမျိုးပါပဲ။ နိုင်ငံတကာပွဲတွေကအပြန်ကစားရမယ့် အဝေး ကွင်းပွဲမျိုးဖြစ်နေတဲ့အပြင် တစ်ဘက်မှာ ကတ်တလန်ခွဲထွက်ရေးအခြေအနေတွေကလည်း အသင်းကိုရိုတ်ခတ်မှုရှိနေနိုင်ပါ တယ်။ ကာတာလိုနီးယားပြည်နယ်လွတ်လပ်ရေးအတွက် အပြင်းအထန်လှုပ်ရှားနေချိန်ဖြစ်တာနဲ့အညီ ကတ်တလန်အခြေစိုက် ဘာစီလိုနာအပေါ်မှာ မက်ဒရစ်သားအများစုရဲ့ဆန့်ကျင်မှုတွေလည်းရှိနေတယ်။ ဒါကြောင့် မက်ဒရစ်မြို့ကိုလာရောက်ကစား မယ့် ဘာစီလိုနာဟာ ကွင်းတွင်းမှာသာမက ကွင်းပြင်ပဖိအားဒဏ်ကိုပါခံနေရဖို့များတယ်။ ဒါကြောင့် အခုပွဲက ဘာစီလိုနာကို စိတ်ပိုင်း၊ ရုပ်ပိုင်းခံနိုင်ရည် စမ်းသပ်မယ့်ပွဲမျိုးပါပဲ။ ခြေစွမ်းပိုင်းနဲ့ အခုနောက်ပိုင်းအစဉ်အလာတွေအရတော့ အက်သလက်တီကို ထက် ဘာစီလိုနာက သာနေတာအမှန်ပဲ။ အက်သလက်တီကိုကတော့ ဒီရာသီမှာတစ်ပွဲနဲ့တစ်ပွဲ ခြေစွမ်းပိုင်းအတက်အကျမမှန် သလို နောက်ပိုင်းပွဲတွေမှာ ဂိုးရဖို့ရုန်းကန်နေရတာလည်းတွေ့ရတယ်။ ဘာစီလိုနာကလည်း သွင်းဂိုးတွေအတွက် မက်ဆီကို ဦးတည်နေရပြီး အဝေးကွင်းမှာခက်ခဲနိုင်ပါတယ်။ အက်သလက်တီကို ကိုပဲရွေးထားကြည့်ချင်တယ်။